The network connection is lost.

Banner Image

ဇန်နဝါရီမှာ ဗစ်တာရိုကွီ ပူးပေါင်းခွင့်ရလာနိုင်ကြောင်း အတည်ပြုလိုက်တဲ့ နည်းပြ ဇာဗီ

လာလီဂါချန်ပီယံဆုအား ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ဘရာဇီးစတား ဗစ်တာရိုကွီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပေမဲ့ ကစားသမား မှတ်ပုံတင်ရန် အခက်တွေ့နေရတာနဲ့ ပက်သက်ပြီး နည်းပြ ဇာဗီက ရိုကွီကို ဇန်နဝါရီတွင် ကလပ်အသင်းနဲ့ ပူးပေါင်းစေမယ့် အကြောင်း အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

 

လာလီဂါအင်အားကြီးကလပ်ဘာစီလိုနာအသင်းက ဘရာဇီးကလပ် အက်သလက်တီကို ပါရာနန်စီအသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမား ဗစ်တာရိုကွီအား ခေါ်ယူရန် ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာကတည်းက ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းကြောင့် ကြံ့ကြာနေချိန် ဆော်ဒီလုပ်ငန်းစု ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က စိတ်ဝင်စားမှုပြသထားခဲ့သေးတာလည်း ဖြစ်ပါတယ်။

 

အက်သလက်တီကိုပါရာနန်စီအသင်းက ဗစ်တာရိုကွီအတွက် ပြောင်းရွှေ့ကြေးပေါင်းသန်း ၄၀ခန့်တောင်းဆိုနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာမှန်ပေမဲ့  အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်လာမယ့် ကလပ်အသင်းကို စောင့်မျှော်နေကာ ဘာစီလိုနာအသင်းရဲ့ ယူရို ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခက်အခဲဖြစ်နေချိန် ကစားသမားတွေရဲ့ စုစုပေါင်း လစာပေးချေမှုပမာဏကို ယူရို ၂၇၀ သန်းအထိ လျှော့ချခြင်းခံထားရတာကြောင့် ကစားသမားထပ်မံဖြည့်တင်းရန် အခက်အခဲဖြစ်နေရပြီး ကြံ့ခိုင်မှုအားနည်းတဲ့ အခြေအနေနဲ့ပါ ကြုံတွေ့နေရတဲ့ အသက် ၁၈ နှစ်အရွယ် ဗစ်တာရိုကွီကို ကစားသမားမှတ်ပုံတင်ရန် ဝင်ငွေလမ်းကြောင်းထပ်မံမရှာဖွေနိုင်ပါက ရှိရင်းစွဲအခြားကစားသမားတစ်ဦးကို ရောင်းချသွားရမှာ ဖြစ်ပါတယ်။

 

ဇန်နဝါရီ အပြောင်းအ‌ရွှေ့ကာလအတွင်းမှာ ဒဏ်ရာရနေပေမဲ့ ဗစ်တာရိုကွီကို ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းစေနိုင်တဲ့ အကြောင်းနဲ့ ပက်သက်လို့ နည်းပြ ဇာဗီ က “ဗစ်တာရိုကွီအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းခွင့်ရနိုင်ခြေရှိပါတယ်။ ဆရာဝန်ပြောချက်အရဆို အရေးတကြီး ဘာခွဲစိတ် ကုသမှုမှ ပြုလုပ်စရာမလိုပါဘူး။ သူ့အနေနဲ့ ရိုးရာကုထုံးနဲ့ပဲ သက်သာလာမှာပါ” လို့ အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။