The network connection is lost.

Banner Image

ဒဏ်ရာခွဲစိတ်မှုခံယူခဲ့ပြီးနောက် သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတား

ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်တစ်ယောက် အရွတ်ကြောဒဏ်ရာခွဲစိတ်မှုခံယူပြီးနောက် သူ့ရဲ့ခံစားချက်တွေအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဂျင်တိုင်းသားဟာ ပဲလေ့စ်အသင်းကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ အရွတ်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ ခွဲစိတ်မှုခံယူမှာဖြစ်ပါတယ်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် မာတီနက်ဇ်က သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ “ခက်ခဲတဲ့နေ့ရက်တွေအပြင် ဝမ်းနည်းမှု ၊ အကူအညီမဲ့မှု ၊ မလုံခြုံမှု ၊ ကြောက်ရွံ့မှုတွေကို ဖြတ်သန်းခဲ့ပြီးနောက် ဒီနေ့မှာ ကျွန်တော်အဆင်ပြေခဲ့ပါပြီ။ ရှုထောင့်ပေါင်းစုံကနေ အပေါင်းလက္ခဏာဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ရုန်းကန်နေရတဲ့အချိန်အတွင်းမှာ ကူညီပေးကြတဲ့ အားပေးကြတဲ့ ယူနိုက်တက်မှာရှိတဲ့အသင်းဖော်တွေကော အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကော မိသားစုဝင်တွေကိုကော ကျေးဇူးတင်ပါတယ်။

ခွဲစိတ်မှုက ပြီးပြည့်စုံခဲ့ပါတယ်။ အခုတော့ ကျွန်တော် အရာအားလုံးပေးရမယ့်အချိန်ပါ။ ပြန်လည်ကြံ့ခိုင်မှုလုပ်ငန်းစဉ်အတွက်လည်း သေချာလေးလုပ်ဆောင်ရပါမယ်”လို့ မာတီနက်ဇ်က အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ယူနိုက်တက်မှာ  ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒီယာလို ၊ မီနူး နဲ့ ကော်လီယာတို့လည်း ဒဏ်ရာရနေတယ်လို့ သိရပါတယ်။

လက်ကျန်ရာသီကို မာတီနက်ဇ်လွဲချော်မှာဖြစ်ပေမယ့် မီနူး နဲ့ ကော်လီယာတို့ကတော့ မတ်လထဲမှာ ပြန်လာဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ အမှတ်ပေးဇယားအလယ်အလတ်ပိုင်းကို တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။