The network connection is lost.

Banner Image

ရာသီအစမှာပဲ ဒဏ်ရာပြဿနာထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ယူနိုက်တက်

သီတင်းပတ်ခြောက်ပတ်ကြာ အနားယူရနိုင်တဲ့ အာမက်ဒီယာလိုနဲ့အတူ မန်ချက်စတာယူနိုက်တက်က ဘောလုံးရာသီစတင်ချိန်မှာပဲ အဓိကထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

တန်းတက်ဟားလ်စီးတီးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြမိုက်ကယ်ကာရစ်အတွက် အခုထက်ပိုပြီးဆိုးရွားတဲ့ စတင်မှုမျိုး မရှိနိုင်တော့ပါဘူး။

ယူနိုက်တက်က လာမယ့်သြဂုတ် ၃၀ ရက်(တနင်္ဂနွေနေ့)၊ အစ်ဆွစ်ချ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အမှားအယွင်းတွေ ပြန်လည်ပြင်ဆင်သွားနိုင်ဖို့ မျှော်လင့်နေပေမဲ့ အသင်းရဲ့အဓိကတိုက်စစ်အင်အားတစ်ခုကိုတော့ လက်လွှတ်သွားရပါတော့မယ်။

GOAL ရဲ့ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ်ကစားသမားဒီယာလိုက အခုသီတင်းပတ်အစောပိုင်း၊ လေ့ကျင့်ရေးကွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားလို့ သီတင်းပတ်ခြောက်ပတ်ကြာ အနားယူရနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သရဲနီတွေက လာမယ့်စက်တင်ဘာ ၁၃ ရက်၊ မန်ချက်စတာဒါဘီပွဲစဉ်အပါအဝင် အဓိကပွဲစဉ်တွေမှာ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားကို လက်လွှတ်သွားရပါလိမ့်မယ်။

ယူနိုက်တက်ရဲ့ဆေးဘက်ဆိုင်ရာဌာနကတော့ ကစားသမားရဲ့ပြန်လည်သက်သာလာမှု အခြေအနေကို အနီးကပ်စောင့်ကြည့်သွားဖို့ရှိနေပြီး သူ့ကို အလျင်စလို ကွင်းတွင်းစေလွှတ်သွားဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။