
အသင်းဟောင်းထံပြန်ဖို့ လမ်းဖွင့်ထားတဲ့ လီဗာပူးစတား
လီဗာပူးအသင်းတောင်ပံကစားသမား ချီယေဆာတစ်ယောက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံပြန်ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားရဲ့အီတလီအသင်းမှာ ပါဝင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ချီယေဆာရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီက အစီအစဉ်ထဲကအတိုင်းဖြစ်မလာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းထံကနေပြောင်းလာပြီးနောက် အီတလီသားဟာ စလော့လက်အောက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲစုံမိနစ် ၅၀၀ အောက်သာ ပါဝင်ခွင့်ရရှိထားပြီး ဘရိုက်တန်နဲ့ပွဲတစ်ပွဲတည်းသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ ချီယေဆာအနေနဲ့ အင်္ဂလိပ်ဘောလုံးကစားဟန်မှာအသားကျဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီရဲ့ရာသီကြိုတစ်ခုလုံးကို လွဲချော်ခဲ့ပါတယ်။ နောက်ကျမှရောက်လာခဲ့တာအပြင် မပြင်ဆင်နိုင်မှုကြောင့် စလော့ရဲ့နည်းစနစ်ကိုလိုက်မီနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်း လိုအပ်ချက်ရှိခဲ့တာဖြစ်ပါတယ်။
အီတလီသားက လာမယ့်ဇူလိုင်လ ၈ ရက်နေ့ ရာသီကြိုခရီးစဉ်မှာ ပါဝင်နိုင်ဖို့ ယုံကြည်နေပြီး လီဗာပူးဘက်က အံမဝင်မယ့်ကစားသမားတွေကို ရောင်းထုတ်ဖို့ များနေပါတယ်။ “ကျွန်တော် လီဗာပူးပရိုဂရမ်နဲ့ လေ့ကျင့်နေပြီး လာမယ့်ဇူလိုင်လ ၈ ရက်နေ့မှာ ကျွန်တော့်အတွက်စမ်းသပ်ချက်ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်စ်လားဗျ။ ကျွန်တော် အသင်းကိုချစ်နေဆဲပါ။ တစ်နေ့မှာပြန်နိုင်လားဆိုရင်တော့ ဘာကြောင့်မဖြစ်နိုင်ရမှာလဲဗျ။ သီယာဂိုက ကျွန်တော့်ကို အဲ့မှာမလိုချင်ခဲ့ပါဘူး။ သူက သူ့အစီအစဉ်ထဲမှာ မပါဝင်ဘူးလို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်။ ပြီးတော့ အသင်းတစ်သင်းရှာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်”လို့ ဒယ်လိုစပေါ့တ်နဲ့အင်တာဗျူးမှာ ချီယေဆာက ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုင်ငံအသင်းပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးနောက် ချီယေဆာတစ်ယောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ချီယေဆာကတော့ ပုံမှန်ကစားခွင့်လိုချင်နေပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေပါတယ်။ လာမယ့်ရာသီအသင်းလူစာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် နွေရာသီအစီအစဉ်မှာ စလော့အားကိုးရအောင် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
ချီယေဆာအခြေအနေကို ဂျူဗင်တပ်စ်တစ်သင်းတည်းက စောင့်ကြည့်နေတာမဟုတ်ပဲ နာပိုလီ နဲ့ အေစီမီလန်တို့ကလည်း ချိတ်ဆက်နေပါတယ်။ အခုအပတ်အစောပိုင်းသတင်းတွေအရ ချီယေဆာကို တီကိုအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။