
ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှာ ရီးရဲလ်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီး
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲစဉ်မှာ ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမယ်လို့ သိရပါတယ်။ ၂၀၂၂ - ၂၃ ရာသီတုန်းက သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ စီးတီးအသင်းဟာ အခုရာသီမှာ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၂၂ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအနေအထားကြောင့် စီးတီးဟာ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ခြေစစ်ပွဲကန်ရမှာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အခြားတစ်ဖက်မှာတော့ ဆဲလ်တစ်အသင်းက ဘိုင်ယန်အသင်းနဲ့တွေ့ဆုံနေပြီး အေစီမီလန်က ဖီယင်နုနဲ့တွေ့ဆုံနေပါတယ်။
ပီအက်စ်ဂျီကတော့ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ပြင်သစ်ကလပ် ဘရက်စ်အသင်းနဲ့တွေ့ဆုံနေပါတယ်။ မိုနာကိုအသင်းက ဘင်ဖီကာနဲ့တွေ့ဆုံနေကာ စပို့တင်းက ဒေါ့မွန် ၊ အတ္တလန္တာက ဘရုဂျက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပုံစံအသစ်ကြောင့် အသင်းတော်တော်များများက ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ခြေစစ်ပွဲ ၂ ကျော့ကို ဖေဖော်ဝါရီ ၁၁ နဲ့ ၁၂ မှာ စတင်ကန်မှာဖြစ်ပြီး ဒုတိယအကျော့ကို ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ မှာ ထပ်မံကန်မှာဖြစ်ပါတယ်။အဆိုပါအသင်းတွေထဲက ၉ သင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေ့ဆုံမှုတွေကို ဖေဖော်ဝါရီ ၂၁ မှာ မဲခွဲမှာဖြစ်ပါတယ်။