
ထိပ်သီးအသင်းတွေ ရင်ဆိုင်တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲမှုမှာ ပီအက်စ်ဂျီအသင်းက လီဗာပူးအသင်းနဲ့တွေ့ဆုံနေပြီး အာဆင်နယ်က ပီအက်စ်ဗွီနဲ့တွေ့ဆုံနေကာ ရီးရဲလ်က ဒါဘီပြိုင်ဘက် တီကိုအသင်းနဲ့တွေ့ဆုံနေပါတယ်။ ခြေစစ်ပွဲတွေပြီးဆုံးခဲ့တဲ့နောက်မှာ မန်စီးတီး နဲ့ အေစီမီလန်တို့ ထွက်ခွာခဲ့ရပြီဖြစ်ကာ ၁၆ သင်းအဆင့်မဲခွဲမှုစတင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ထိပ်ဆုံးနေရာက တက်ရောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် ခက်ခဲတဲ့ပြိုင်ဘက် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးရဲ့ပြည်တွင်းပြိုင်ဘက် အာဆင်နယ်ကတော့ ပီအက်စ်ဗွီနဲ့တွေ့ဆုံနေပါတယ်။ အခြားတစ်ဖက်မှာ မန်စီးတီးကိုကျော်ဖြတ်လာတဲ့ ရီးရဲလ်အသင်းဟာ တီကိုအသင်းနဲ့တွေ့ဆုံနေပါတယ်။ ဘာစီလိုနာကတော့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့တွေ့ဆုံနေပါတယ်။ ဘရုဂျက်ကတော့ ဗီလာနဲ့တွေ့ဆုံနေကာ ဘိုင်ယန်က ပြည်တွင်းပြိုင်ဘက် လေဗာကူဆင်နဲ့တွေ့ဆုံနေပါတယ်။ ဒေါ့မွန်ကတော့ လိုင်လီနဲ့တွေ့ဆုံနေပြီး အင်တာမီလန်က ဖီယင်နုနဲ့တွေ့ဆုံနေပါတယ်။
လီဗာပူးအသင်းအနေနဲ့ ကွာတားဖိုင်နယ်ကိုသာ တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဗီလာနဲ့တွေ့ဆုံနိုင်ချေရှိနေပြီး အာဆင်နယ်ကတော့ ရီးရဲလ်အသင်းနဲ့တွေ့ဆုံနိုင်ချေများနေပါတယ်။ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မတ်လ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့မှာ ကန်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို မေလ ၃၁ ရက်နေ့ မြူးနစ်မြို့က ဘိုင်ယန်ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။