The network connection is lost.

Banner Image

ကိုပါဒယ်ရေးပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပေမယ့် ရီးရဲလ်လူငယ်စတားဟာ လိုအပ်ချက်ရှိနေဆဲလို့ အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်အသင်းဟာ ကိုပါဒယ်ရေးပြိုင်ပွဲမှာ ဆိုစီဒက်ကို လူငယ်စတား အန်းဒရစ်ခ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရရှိခဲ့ပေမယ့် အသက် ၁၈ နှစ်သားဟာ တိုးတက်ဖို့ လိုအပ်နေဆဲလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အန်းဒရစ်ခ်တစ်ယောက် ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး အန်ဆယ်လော့တီရဲ့ယုံကြည်မှုကို ရရှိအောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေက ကျပ်လာမယ့်အနေအထားမှာ အန်ဆယ်လော့တီက ကိုပါဒယ်ရေးပြိုင်ပွဲမှာ အလှည့်ကျအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ အန်းဒရစ်ခ် နဲ့ ဂူလာတို့ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဘယ်လင်ဟမ်ရဲ့ဖန်တီးပေးမှုကနေ ပထမပိုင်းမှာ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။အဆိုပါဂိုးဟာ ရီးရဲလ်အတွက် လာမယ့်ဒုတိယအကျော့ ဘာနေဗျူးမှာကန်မယ့်ပွဲမတိုင်ခင် အားသာချက်ရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းက အန်းဒရစ်ခ်တစ်ယောက် ရီးရဲလ်အသင်းမှာကစားခွင့်ရဖို့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူက ဒီလိုပွဲတွေမှာ ကောင်းမွန်တဲ့စရိုက်လက္ခဏာတစ်ရပ်ကိုပြသထားနိုင်ပါတယ်။ သူ့မှာ တိကျမှုရှိသလို လျင်မြန်ပြီး ခွန်အားအပြည့်ရှိနေပါတယ်။ သူ့အနေနဲ့ ဘောလုံးနဲ့အတူ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒုတိယဂိုးတောင်ရယူနိုင်ဖို့ နီးစပ်ခဲ့တာပါ။ သူ့ရဲ့ကန်ချက်က အရမ်းကိုကောင်းပါတယ်။ သူက အရမ်းငယ်ရွယ်ပေမယ့် လျင်မြန်တဲ့သင်ယူနိုင်စွမ်းရှိပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ပါးလ်မီးရက်စ်စတားဟောင်းကတော့ လာမယ့်စနေနေ့ ဘက်တစ်နဲ့ပွဲမှာလည်း ထပ်မံပါဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။