The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကုန်ဆုံးဖို့ ရည်မှန်းထားတဲ့ ဘရာဇီးကြယ်ပွင့်အန်းဒရစ်ခ်

အန်းဒရစ်ခ်က ဘရာဇီးလက်ရွေးစင်အသင်းလေ့ကျင့်ရေးကွင်းမှာ အထင်ရှားဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကစားသမားက အခုနွေရာသီ၊ ကိုပါအမေရိကပြိုင်ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ပြီး စပိန်မြေမှာပဲ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ကုန်ဆုံးသွားဖို့ မျှော်လင့်နေပြန်ပါတယ်။

သူက အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အများရဲ့အာရုံစိုက်မှုကို ရရှိထားပါတယ်။ အန်းဒရစ်ခ်က အခုဇွန်လအတွင်း ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ သူ့ရဲ့ပထမဆုံးမေဂျာဆုဖလားပြိုင်ပွဲကြီးကို ရင်ဆိုင်သွားရမှာဖြစ်ပေမယ့် မကြာမီကာလအတွင်း ဖြစ်ပေါ်လာမယ့် သူ့ရဲ့အနာဂတ်ကိုလည်း မျှော်မှန်းကြည့်ရှုနေပြန်ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီးချိန်မှာ အန်းဒရစ်ခ်က အန်ဆယ်လော့တီလက်အောက် ရီးရဲလ်မက်ဒရစ်အတွက် ကစားသွားရပါလိမ့်မယ်။ သူက ဘာနေဗျူးဆီ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာတဲ့ အမ်ဘာပေနဲ့လည်း ဆုံတွေ့သွားရပါလိမ့်မယ်။

RTVE သတင်းဌာနနဲ့တွေ့ဆုံရာမှာ သူ့ရဲ့အသင်းဖော်သစ်အကြောင်းနဲ့ပတ်သက်ပြီး အန်းဒရစ်ခ်က “အမ်ဘာပေက မယုံကြည်နိုင်လောက်စရာကစားသမားတစ်ဦးပါ။ ရီးရဲလ်မက်ဒရစ်မှာ အရည်အသွေးမြင့် ကစားသမားတွေပိုရှိလာလို့ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးထားနိုင်တဲ့ အသင်းနဲ့ပူးပေါင်းရဖို့ရှိနေချိန် လူငယ်ကြယ်ပွင့်လေးက “ရီးရဲလ်မက်ဒရစ်နဲ့အတူ အံ့သြစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝကုန်ဆုံးသွားဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။