The network connection is lost.

Banner Image

လာမယ့်ပွဲစဉ် ၂ ပွဲကို လွဲချော်တော့မယ့် အာဆင်နယ်စတား ဆာကာ

အာဆင်နယ်အသင်း နည်းပြ အာတီတာက တောင်ပံကစားသမား ဆာကာတစ်ယောက် လာမယ့်ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။
 
ဆာကာဟာ ပြီးခဲ့တဲ့မြောက်လန်ဒန်ဒါဘီပွဲမှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အခြေအနေမဆိုးခင် အာတီတာက စမစ်ရိုနဲ့ လူစားလဲလိုက်တာဖြစ်ပါတယ်။ ဘီဘီစီသတင်းရဲ့ အဆိုအရ အသက် ၂၂ နှစ်သားဟာ အာဆင်နယ်အသင်းရဲ့ ကာရာဘောင်ဖလားပွဲနဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် ဘုန်းမောက်နဲ့ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။
 
“ပွဲအပြီးမှာ သူ့အခြေအနေက နည်းနည်းဆိုးပါတယ်။ ကျွန်တော်တို့ သူတို့ကို ကွင်းထဲကနေ ထုတ်ခဲ့ရပေမယ့် အဲ့တာက ကောင်းမွန်တဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ဘုန်းမောက်နဲ့ပွဲကို လွဲချော်တာကဖြစ်နိုင်ပါတယ်”လို့ အာတီတာက ဆိုပါတယ်။
 
အာဆင်နယ်ပရိသတ်တွေ အတွက်တော့ အဆိုပါသတင်းဟာ စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။ ဆာကာ မပါဝင်နိုင်တာကြောင့် အာဆင်နယ်အနေနဲ့ ညာတောင်ပံမှာ ရုန်းကန်ရနိုင်ပြီး အင်္ဂလန်သားဟာ ဒီရာသီပြိုင်ပွဲစုံ ၇ ပွဲမှာ ၇ ဂိုးအထိ တိုက်ရိုက် ပါဝင်ပတ်သက်ထားခဲ့ပါတယ်။