
ဘုန်းမောက်နဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းဖော် ဇင်ချန်ကိုရဲ့နှစ်သိမ့်ခြင်းခံခဲ့ရတဲ့ စမစ်ရို
ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ်စတား စမစ်ရိုတစ်ယောက် အသင်းဖော် ဇင်ချန်ကိုရဲ့နှစ်သိမ့်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာ ဟာဗက်ဇ်ရဲ့အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးဂိုးကို မြင်တွေ့ခဲ့ရသလို အာဆင်နယ်က ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂျာမန်သားဟာ ချဲလ်ဆီးထံကနေ အာဆင်နယ်ထံပြောင်းလာပြီးကတည်းက ရုန်းကန်နေရတာဖြစ်ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အဲ့နောက် အိုဒီဂတ်က ပင်နယ်တီကနေ ဒုတိယဂိုးနဲ့ ဟားဗက်ဇ်က တတိယဂိုးကို နောက်ထပ်ပင်နယ်တီကနေ သွင်းယူခဲ့ကာ အဆုံးသတ်ဂိုးကို ဘင်ဝှိုက်က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်ကို အရေးနိမ့်ခဲ့တာကြောင့် ဘုန်းမောက်ဟာ အမှတ်ပေးဇယား အောက်ဆုံးမှာပဲ ဆက်လက်ရပ်တည်နေပြီး အာဆင်နယ်ကတော့ ဝုဗ်ကို အရေးနိမ့်ခဲ့တဲ့ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စမစ်ရိုတစ်ယောက် ကွင်းထဲက ထွက်ခွာချိန်မှာ စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။
ဟေးလ်အန့်တ်အကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့ဘရန့်ဖို့ဒ်ကို ကာရာဘောင်ဖလားပွဲမှာအနိုင်ရရှိခဲ့တဲ့ပွဲမှာ ၄၉၉ ရက်အတွင်း ပထမဆုံးပွဲကို ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားဟာ ဘုန်းမောက်နဲ့ပွဲမှာလည်း နောက်ကျလူစားဝင်ကစားခဲ့သလို အခွင့်အရေးကောင်းတွေလည်း ရခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ စမစ်ရိုက သူ့အနေနဲ့ ဂိုးမရခဲ့လို့ စိတ်ပျက်နေခဲ့ပြီး အသင်းဖော် ဇင်ချန်ကို၊ လက်ထောက်နည်းပြ အယ်လ်ဘတ်တို့က နှစ်သိမ့်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အခုအပတ်တုန်းက စမစ်ရိုက သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လန်းစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် လာမယ့်အပတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။