The network connection is lost.

Banner Image

မိမိတို့အသင်းဟာ အင်္ဂလိပ်အသင်းလိုမျိုးကစားခဲ့ကြောင်း ဘိုတာဖိုဂိုအသင်းပိုင်ရှင် ဂျွန်ပြောကြား

ပီအက်စ်ဂျီအသင်းကိုအနိုင်ယူနိုင်ခဲ့ပြီးနောက် ဘိုတာဖိုဂိုအသင်းဥက္ကဌ ဂျွန်က မိမိတို့အသင်းဟာ အင်္ဂလိပ်အသင်းလိုမျိုးကစားခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ ဘိုတာဖိုဂိုအသင်းနည်းပြ ရီနာတိုက အသင်းရဲ့ခံစစ်ပိုင်းကို အဓိကထားခဲ့တာဖြစ်ပြီး အခုလိုရလဒ်ကြောင့်ပဲ ပီအက်စ်ဂျီကိုအနိုင်ကန်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ပွဲအပြီးမှာ ဘိုတာဖိုဂိုအသင်းပိုင်ရှင် ဂျွန်က မိမိတို့အသင်းဟာ ပီအက်စ်ဂျီကို အံ့အားသင့်အောင်လုပ်ပြနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘိုတာဖိုဂိုအသင်းဟာ ပီအက်စ်ဂျီကို တိုက်စစ်မှူး အီဂေါဂျီးဆပ်စ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဂျွန်က အခုနိုင်ပွဲက ဘယ်လိုအရေးကြီးလဲဆိုတာအပြင် အခုလိုနိုင်ပွဲရအောင် သေချာလေးလုပ်ဆောင်ခဲ့ရတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ “ပီအက်စ်ဂျီက ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ သူတို့ဒီညမှာလည်း အကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှလုံးသားနဲ့ ကစားခဲ့ပြီး အားစိုက်ခဲ့ပါတယ်။ ဒီလိုနည်းစနစ်မျိုးနဲ့ ကျွန်တော်တို့သူတို့ကိုရင်ဆိုင်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။  ဘရာဇီးအသင်းတစ်သင်းက အခုလိုမျိုးကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ အင်္ဂလိပ်အသင်းတစ်သင်းလိုကစားနိုင်ခဲ့ပါတယ်”လို့ ဂျွန်က ပြောကြားခဲ့ပါတယ်။

ဘိုတာဖိုဂိုအသင်းဟာ အဖွင့်ပွဲ ၂ ပွဲကိုအနိုင်ကန်နိုင်ခဲ့တာဖြစ်ပြီး အုပ်စုအမှတ်ပေးဇယားကို ဦးဆောင်နေကာ လာမယ့်ဇွန်လ ၂၄ ရက်နေ့မှာ တီကိုအသင်းနဲ့ အဆုံးအဖြတ်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။