The network connection is lost.

Banner Image

ဂျိုအာချင်နီဗက်စ်အတွက် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ ဘင်ဖီကာ

ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူရန်လုပ်ဆောင်နေပြီး ပီအက်စ်ဂျီကြယ်ပွင့် မန်နူရယ်အူဂါတီကို ခေါ်ယူရန် စုံစမ်းမေးမြန်းနေချိန်တွင် နီဗက်စ်ကို သဘောကျနေတာဖြစ်ပါတယ်။ ဇွန်လတွင် ယူနိုက်တက်ဟာ အသက် ၁၉ နှစ်အရွယ်ကစားသမားအတွက် ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း) ဖြင့် ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး အဆိုပါကမ်းလှမ်းမှုကို ဘင်ဖီကာမှ လျင်မြန်စွာပယ်ချခဲ့ကြောင်း သိရပါတယ်။

Correio da Manhã ရဲ့ဖော်ပြချက်အရ ယခုအခါ ယူရိုသန်း ၇၀ (ပေါင် ၆၀ သန်း) ကမ်းလှမ်းမှုအသစ်ကို ပယ်ချလိုက်ပြီလို့လည်း သိရပါတယ်။ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ဟာ ပေါ်တူဂီဘီလူးကြီး သတ်မှတ်ထားတဲ့ ဈေးကို မပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ နီဗက်စ်ရဲ့လက်ရှိစာချုပ်တွင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၂၀ (ပေါင် ၁၀၅ သန်း) ပါရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီးအသင်းပေးချေခဲ့ရတဲ့ တူညီတဲ့ပမာဏလည်းဖြစ်ပါတယ်။

နီဗက်စ်ဟာ ကွင်းလယ်တွင် ဖာနန်ဒက်ဇ်ရဲ့နေရာကို အစားဝင်ကစားခဲ့တာဖြစ်ပြီး လက်ရှိတွင် ပေါ်တူဂီအသင်းနှင့် ယူရို ၂၀၂၄ တွင် ပါဝင်ကစားနေတာဖြစ်ပါတယ်။ ဘင်ဖီကာဟာ ၎င်းတို့ရဲ့ တန်ဖိုးကြီးကစားသမားကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ဥရောပချန်ပီယံရှစ်ပွဲစဉ်တွေအပြီးမှာတော့ စျေးနှုန်းညှိနှိုင်းရန် ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်ကသာ ယခုအချိန်အထိ နီဗက်စ်ကို ကမ်းလှမ်းထားတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်အသင်းဖြစ်သော်လည်း ချဲလ်ဆီးနှင့် အာဆင်နယ်တို့ကလည်း ပေါ်တူဂီကြယ်ပွင့်လေးကို စိတ်ဝင်စားနေကြောင်း ပြသထားပါတယ်။
တန်ဟက်ဟာ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် ယခုအခါ ဒန်အက်ရှ်ဝပ်ကလည်း အားကစားဒါရိုက်တာအဖြစ် တာဝန်ယူထားသောကြောင့် ယူနိုက်တက်ဟာ လာမယ့်ရက်သတ္တပတ်များအတွင်း အပြောင်းအရွှေ့ လုပ်ငန်းကို မြှင့်တင်လုပ်ဆောင်ရန် မျှော်လင့်ထားပါတယ်။

လက်ရှိမှာ ကလပ်ဟာ ဒီလစ်ချ်ကို ခေါ်ယူနိုင်ရေးအတွက် ဘိုင်ယန်မြူးနစ်နှင့် ဆွေးနွေးနေပြီး ပေါင်သန်း ၄၀ တန်ကြေးရှိ စာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်ကလည်း အဲဗာတန်ကြယ်ပွင့် ဘရန့်ဝတ်ကိုစိတ်ဝင်စားနေသေးပေမယ့် ဗဟိုခံစစ်ကစားသမားအတွက် မာဆေးဆိုဒ်ကလပ်ရဲ့ ပေါင် သန်း ၇၀ သတ်မှတ်ထားမှုကို မပေးလိုနေတာဖြစ်ပါတယ်။

ကာစီမီရိုနှင့်အတူ ကစားသမားအများအပြားကို ရောင်းချမယ်လို့ မျှော်လင့်ထားပြီး ယခုနွေရာသီတွင် ကွင်းလယ်တွင် နေရာလွတ်များ ရှိလာမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မေဆင်ဂရင်းဝုဒ်နှင့် ဂျေဒန်ဆန်ချိုတို့ကို ရောင်းချနိုင်ဖို့ မျှော်လင့်ထားသလို ဟယ်ရီမက်ဂွါရီ၊ ဗစ်တာလင်ဒီလော့ဖ်နှင့် အာရွန်ဝမ်ဘစ်ဆာကာတို့ရဲ့ အနာဂတ်များက မသေချာနေတာဖြစ်ပါတယ်။