မေဆင်ဂရင်းဝုဒ်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ အပြစ်ကနေ လွတ်မြောက်ခဲ့တဲ့ ဘယ်လင်ဟမ်
ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်တစ်ယောက် ဗလန်စီယာနဲ့ပွဲမှာ အနီကတ်ထိပြီး ၂ ပွဲ ပယ်ခံခဲ့ရပေမယ့် ဂီတာဖေးစတား မေဆင်ကို လူမျိုးရေးခွဲခြားတဲ့ အပြစ်ကနေတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ရီးရဲလ်နဲ့ ဂီတာဖေးတို့ပွဲမှာ ဘယ်လင်ဟမ်တစ်ယောက် မေဆင်ကို တီးတိုးပြောကြားခဲ့တာဖြစ်ပြီး အဆိုပါဗီဒီယိုအနှေးပြကွက်တွေမှာ ဘယ်လင်ဟမ်က လူမျိုးရေးခွဲခြားခဲ့တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ဘက်ကတော့ အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့ ပြန်လည်ချေပခဲ့ပါတယ်။
ပွဲအတွင်းဖြစ်ရပ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်ကက စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ မာကာသတင်းဌာနရဲ့အဆိုအရ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ ကျွမ်းကျင်နှုတ်ခမ်းပညာရှင်ကို ငှားရမ်းပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရလဒ်က လူမျိုးရေးခွဲခြားခဲ့တယ်လို့ ထွက်ပေါ်ခဲ့ပေမယ့် အရေးယူမှုကနေ ကင်းလွတ်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်သားကလည်း အသင်းဖော် ဘယ်လင်ဟမ်ရဲ့ဖြစ်ရပ်ကို မစုံစမ်းဖို့ တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်သားဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှုကြောင့် ပွဲကန်ခွင့်ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး သိပ်မကြာခင်ကမှ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဘယ်လင်ဟမ်ဟာ လာမယ့်စနေနေ့မှာ ပွဲပယ်ခံရမှုစတင်မှာဖြစ်ပါတယ်။