The network connection is lost.

Banner Image

ယူနိုက်တက်က ချိတ်ဆက်နေပေမယ့် ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဘိုင်ယန်စတား

ဂျာမနီကလာတဲ့သတင်းတွေအရ ဘိုင်ယန်စတား မာဇာအူရီတစ်ယောက် ယူနိုက်တက်က ချိတ်ဆက်နေပေမယ့် ဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

မော်ရိုကိုသားကို ဝက်စ်ဟမ်းအသင်းက ပေါင် ၁၃ သန်း + အပိုဆုကြေး ၃ သန်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မာဇာအူရီနဲ့လည်း နှုတ်အားဖြင့်သဘောတူညီမှုရယူထားနိုင်ခဲ့ပြီးဖြစ်ကာ ပုဂ္ဂိုလ်ရေးက ပြဿနာမရှိနိုင်တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၆ နှစ်သားကို စိတ်ဝင်စားနေပေမယ့် ဝက်စ်ဟမ်းက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်အနေနဲ့ မော်ရိုကိုသားကိုခေါ်ယူမယ်ဆိုရင် ဝမ်ဘစ်ဆာကာကို အရင်ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။

အက်သလက်တစ်ရဲ့အဆိုအရ အသက် ၂၆ နှစ်သားဟာ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားပြီး အင်တာမီလန်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ သတင်းတွေအရ အင်တာမီလန်ဟာ ဝမ်ဘစ်ဆာကာကို ခေါ်ယူနိုင်ထဖို့ ဒမ်ဖရိုင်းနဲ့ အလဲအထပ်သဘောမျိုးဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါစိတ်ကူးဟာ အစောပိုင်းအဆင့်မှာပဲ ကျန်နေတာဖြစ်ပြီး နီးစပ်မှုမရှိတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ အကယ်ဒမီထွက်ကစားသမား ဘန်ဂျွန်ဆင်ထွက်ခွာမှုနဲ့အတူ  Full-back ကစားသမားအားဖြည့်ရမှာဖြစ်ပါတယ်။

မာဇာအူရီဟာ ညာနောက်ခံလူကော ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်တာကြောင့် ဝက်စ်ဟမ်းက ပိုအလိုရှိနေပါတယ်။