The network connection is lost.

Banner Image

ဖီယင်နုကိုအရေးနိမ့်ခဲ့ပြီးနောက် မိမိတို့ဟာ ထိပ်တန်းအသင်းမဟုတ်တော့တာ ဝန်ခံရမယ်လို့ ကင်မစ်ချ် ပြောကြား

ဖီယင်နုကို ချန်ပီယံလိဂ်မှာအရေးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်စတား ကင်မစ်ချ်က မိမိတို့အသင်းဟာ ထိပ်တန်းအသင်းမဟုတ်တော့တာကို ဝန်ခံရမယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျာမန်သားက အဆိုပါပြောကြားချက်ကို ဖီယင်နုအသင်းအား ၃ ဂိုးပြတ်အရေးနိမ့်ပြီးချိန်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ ကွန်ပနီရဲ့အသင်းဟာ တိုက်စစ်မှာအားထားရတဲ့ ကိန်းနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကင်မစ်ချ်က “ကျွန်တော်တို့ လက်ရှိမှာ ထိပ်တန်းအသင်းမဟုတ်တော့တာကို ဝန်ခံရပါမယ်။

 ဒါပေမယ့် ကျွန်တော်တို့ အတူတူကျော်ဖြတ်ရမှာပါ။ အဲ့တာက မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ အရမ်းဆိုးဝါးတဲ့အခြေအနေမှာ ရပ်တည်နေပါတယ်။ ကျွန်တော်တို့ အမှားတွေအများကြီးလုပ်ခဲ့ပြီး အဲ့တာကပဲ ဒီနေ့မှာ အပြစ်ပေးခံခဲ့ရတာပါ။ ဒီနေ့ရှုံးပွဲက အရမ်းကိုမှအနုတ်လက္ခဏာဆောင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘယ်လိုအခြေအနေမှာမဆို ကျော်ဖြတ်နိုင်ဖို့ လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့ အခွင့်အရေးတွေရခဲ့ပေမယ့် ဖြုန်းတီးသလိုဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့က ပြိုင်ဘက်အတွက် လွယ်ကူစေခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကိုအခွင့်အရေးတွေအများကြီးခွင့်ပြုပေးသလိုဖြစ်ခဲ့ပါတယ်။ အဲ့တာက ဝုဖ်ဘတ်နဲ့ပွဲမှာလည်း ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ အခုလိုမျိုးမှားခဲ့ရင် အခုလိုအပြစ်ပေးခံရနိုင်ပါတယ်။ အားလုံးခြုံကြည့်ရင် ကျွန်တော်တို့က နိုင်ပွဲနဲ့ မထိုက်တန်ပါဘူး။

ရိုးရှင်းတဲ့အမှားတွေအများကြီး လုပ်မိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အဲ့တာကို စောဒဂတက်နေလို့မရပါဘူး။ ဒီအမှားတွေ နောက်မဖြစ်အောင် လုပ်ဆောင်ရပါမယ်”လို့ ကင်မစ်ချ်က ပြောကြားခဲ့ပါတယ်။ ဖီယင်နုကိုအရေးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်ဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ခြေစစ်ပွဲကန်ရဖို့ပါ အလားအလာရှိနေပါတယ်။