ဂျာမနီလက်ရွေးစင်အသင်းဖော် ဖလော်ရီယန်ဝစ်ဇ်ကို အားပေးထောက်ခံလိုက်တဲ့ ဘိုင်ယန်ကြယ်ပွင့်ကင်မစ်ချ်
ဖလော်ရီယန်ဝစ်ဇ်က အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မျှော်လင့်ချက်အပြည့်ဖြင့် လေဗာကူဆင်မှ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ ဂျာမန်ကြယ်ပွင့်က ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားတဲ့အဆင့်မျိုးဆီ မရောက်ရှိသေးပါဘူး။
ဒါပေမဲ့ သူ့ရဲ့ဂျာမနီလက်ရွေးစင်အသင်းဖော်၊ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျိုရှုအာကင်မစ်ချ်က ဖလော်ရီယန်ဝစ်ဇ်ကို အနာဂတ်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ့်သူအဖြစ် ထောက်ခံပေးခဲ့ပါတယ်။ ကင်မစ်ချ်က “ သူ့ဆီ ကျွန်တော် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်လည်း မိမိအရည်အသွေးကို သံသယဖြစ်နေစရာ အကြောင်းအရင်း လုံးဝမရှိပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ဆီမှာ အနာဂတ် ထိပ်တန်းဘောလုံးသမားတစ်ဦးအဖြစ် ရောက်ရှိစေနိုင်မယ့် အရည်အသွေးနဲ့ စိတ်ဓါတ်ပိုင်း ရှိပါတယ်။
သူကိုယ်တိုင်လည်း စိတ်ရှည်သည်းခံဖို့ လိုအပ်ပြီး သူ့အသင်းအပေါ်မှာလည်း အမှီအခိုပြုရပါမယ်။ ဒီတစ်ကြိမ် စခန်းသွင်းလေ့ကျင့်မှုမှာလည်း သူဘာတွေလုပ်နိုင်သလဲ၊ သူ့ရဲ့အားသာချက်တွေအပေါ် ဘယ်လောက်အထိ အားကိုးအားထားပြု နိုင်မလဲဆိုတာကို ထပ်ပြီးမြင်တွေ့ခဲ့ပါတယ်”လို့ ပြောပါတယ်။
စိတ်ရှည်သည်းခံမှု ဆိုတာ အားကစားမှာ မကြာခဏဆိုသလို မြင်တွေ့ရဖို့ ခက်ခဲလေ့ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ဖလော်ရီယန်ဝစ်ဇ်ရောက်ရှိလာမှုကြောင့် လီဗာပူးအတွက် အာမခံချက်တစုံတရာရှိလာတာမျိုး မတွေ့ရသေးပါဘူး။