The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ရဲ့ ခြေစွမ်းပိုင်းအသာစီးရရှိမှုအပေါ် ကျေနပ်နေပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် စိုးရိမ်ပူပန်နေတဲ့ ကင်မစ်ချ်

အတ္တလန်တာကို ၆ ဂိုး - ၁ ဂိုးနဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကစားခဲ့တဲ့ ခြေစွမ်းပိုင်းကို ကင်မစ်ချ်က ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ အခုလိုအကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ဂိုးပေးလိုက်ရခြင်းနဲ့ ကစားသမားတချို့ ဒဏ်ရာရရှိခဲ့မှုတွေကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ ကွင်းလယ်လူက ဝန်ခံပြောကြားခဲ့ပါတယ်။

"ကံမကောင်းစွာနဲ့ဘဲ ပွဲပြီးခါနီးမှာ တစ်ဂိုး ပေးလိုက်ရတယ်။ ဒါပေမဲ့ ဒီအချက်ကိုဖယ်လိုက်ရင်တော့ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့တိုက်စစ်ဆင်မှုနဲ့အတူ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့သလို ပွဲစဉ်တစ်ခုလုံးကိုလည်း စိုးမိုးထားနိုင်ခဲ့ပါတယ်" လို့ ကင်မစ်ချ်က ဆိုပါတယ်။

အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပထမပိုင်းမှာတင် သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း တိုက်စစ်ဆင်မှုတွေဆက်တိုက်လုပ်ဆောင်ကာ အီတလီကလပ်အသင်းဘက်ကို ဂိုးဒါဇင်ဝက်အထိ သွင်းယူခဲ့ပါတယ်။ ကင်မစ်ချ်ကတော့ ဂိုးပြတ်ရှုံးနိမ့်နေချိန် အားပေးမှုမပျက်ခဲ့တဲ့ အတ္တလန္တာပရိသတ်တွေရဲ့တုံ့ပြန်မှုနဲ့ ကွင်းတွင်းပရိသတ်တွေရဲ့အားပေးပုံကိုလည်း အထူးချီးကျူးခဲ့ပါတယ်။

"ကျွန်တော်တို့ အနိုင်ရရှိခဲ့တဲ့ပုံစံ တကယ်ကို အားရစရာကောင်းပါတယ်။ ဒီက ပရိသတ်တွေရဲ့အားပေးမှုကလည်း အရမ်းကောင်းတယ်။ ခြောက်ဂိုးအထိ ပေးလိုက်ရချိန်မှာတောင် ပရိသတ်တွေက အားပေးနေတုန်းပဲ၊ ဒါမျိုးက တွေ့ရခဲသလို တကယ်လည်း အံ့ဩဖို့ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး အားပေးမှုတွေကြားထဲမှာပဲ ကျွန်တော်တို့ကတော့ ကိုယ့်ပွဲစဉ်ကိုယ် အာရုံစိုက်နိုင်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားရဲ့အဆိုအရ ဘိုင်ယန်အသင်းက ပထမပိုင်းအပြီးမှာတင် ရလဒ်အပေါ် ယုံကြည်မှုရှိနေခဲ့ပေမဲ့ ကစားအားကို ဆက်လက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ "ပထမပိုင်းအပြီးမှာတင် ကျွန်တော်တို့ ရလဒ်ကောင်းရဖို့ အခြေအနေကောင်းနေပြီဆိုတာ သိပါတယ်၊ ဒါပေမဲ့ ရလဒ်ကို ဒီထက်ပိုကောင်းအောင် လုပ်ချင်ခဲ့ကြပါတယ်။ အခုတော့ အဲဒီအတိုင်းလည်း ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

အခုလို အပြတ်အသတ်အနိုင်ရခဲ့ပေမဲ့ ပွဲစဉ်အတွင်း အသင်းဖော်ကစားသမားတွေ ဒဏ်ရာရရှိသွားမှုကို ကင်မစ်ချ် စိုးရိမ်နေခဲ့ပါတယ်။ "ဒဏ်ရာတွေ သိပ်မပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ကျွန်တော်တို့ အများကြီးထိခိုက်ခဲ့ပါတယ်။ ဒီရာသီကိုတော့ ကောင်းကောင်းမွန်မွန်နဲ့ပဲ အဆုံးသတ်ချင်ပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကင်မစ်ချ်က ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့အဝါကတ်နဲ့ ပတ်သက်လို့လည်း စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ "အဲဒါက မလိုအပ်ဘဲ ဖြစ်ခဲ့တာပါ။ ကျွန်တော်က ဘောလုံးပေးဖို့ လူရှာနေချိန်၊ အဝါကတ်ပြခံရတယ်ဆိုတာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ" လို့ ပြောခဲ့ပါတယ်။