The network connection is lost.

Banner Image

ချဲလ်ဆီးစတားကို အငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးအသင်းမှာနေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး ဂျက်ဆင်ကို တစ်ရာသီအငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

ရိုမာနိုရဲ့အဆိုအရ ဂျက်ဆင်ဟာ ဘိုင်ယန်ထံ ၁ ရာသီအငှားနဲ့ပြောင်းရွှေ့မှာဖြစ်ပြီး ပေါင် ၆၉ သန်းနဲ့အပြီးသတ်ခေါ်ယူမှုထည့်သွင်းထားသလို ပြန်လည်ရောင်းချခွင့်% လည်းထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ စည်းကမ်းပိုင်းဆိုင်ရာမလိုက်နာမှုကြောင့်  ပြီးခဲ့တဲ့ရာသီကုန်ခါနီးတုန်းက ဂျက်ဆင်တစ်ယောက် ချဲလ်ဆီးအသင်းလူစာရင်းမှာ မပါဝင်တော့တာဖြစ်ပါတယ်။

အဲ့နောက်ပိုင်းကတည်းက ဂျက်ဆင်အနေနဲ့ ဂျာအိုပက်ဒရို ၊ ဒီလပ်တို့နောက်မှသာ ပါဝင်ခွင့်ရရှိတော့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့အနေနဲ့ ဘိုင်ယန်ထံပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ကာ တိုက်စစ်နေရာအတွက် ကိန်းနဲ့ အားပြိုင်ရတော့မှာဖြစ်ပါတယ်။ ဂျက်ဆင် နဲ့ ချဲလ်ဆီးတို့ကြား ၈ နှစ်စာချုပ်သက်တမ်းကျန်နေသေးတာဖြစ်ပြီး အခုနှစ်အစောပိုင်းတုန်းက အသင်းကို ကွန်းဖရန့်လိဂ်ဗိုလ်စွဲအောင်ကူညီပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်းအတွက် ၈၁ ပွဲမှာ ၃၀ ဂိုးသွင်း ၊ ၁၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဂျက်ဆင်ကို ကနဦးတုန်းက နယူးကာဆယ် နဲ့ ဗီလာတို့က ချိတ်ဆက်ခဲ့ပေမယ့် မခေါ်ယူခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကစားသမား နဲ့ အေးဂျင့်ဟာ ဂျာမန်မြေကိုသွားရောက်ကာ ဆေးစစ်တော့မှာဖြစ်ပြီး နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ဘိုင်ယန်အတွက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။