
ရှက်တာဒိုးနက်နဲ့ပွဲမှာ သမိုင်း၀င် ယူရိုပါလိဂ်စံချိန်ကောင်းတစ်ခု တင်လိုက်တဲ့ အူဘာမီယန်း
ဝါရင့်တိုက်စစ်မှူး အူဘာမီယန်းဟာ အသက်၃၄နှစ်အရွယ်မှာတောင် ခြေစွမ်းကောင်းတွေပြသနေဆဲဖြစ်ပြီး မနေ့ညက ရှက်တာဒိုးနက်နဲ့ပွဲမှာ သမိုင်းဝင်မှတ်တမ်းတစ်ခုကို ရေးထိုးခဲ့ပါတယ်။
မာဆေးလ်ဟာ ယခုအပတ်တွေအတွင်း ရလဒ်တွေ ဆိုးရွားနေပေမယ့် ဥရောပဖလားတစ်ခုကို ရယူဖို့အတွက် မျှော်လင့်ချက်ရှိနေပါတယ်။ အူဘာမီယန်းဟာ ၆၄မိနစ်မှာ မာဆေးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အဆိုပါသွင်းဂိုးကြောင့် ဂါဘွန်သားဟာ ယူရိုပါလိဂ်မှာ သွင်းဂိုး၃၀ပြည့်သွားခဲ့ပြီဖြစ်ပြီး ဂိုးသွင်းအများဆုံးကစားသမား ဖယ်လ်ကာအိုနဲ့ မှတ်တမ်းတူညီသွားခဲ့ပါတယ်။ ဘာစီလိုနာ၊ အာဆင်နယ်၊ ဒေါ့မွန်တို့မှာ ပွဲကြမ်းခဲ့တဲ့ အူဘာမီယန်းအတွက် ဒီမှတ်တမ်းက ထိုက်တန်တယ်လို့လည်း ပြောရမှာပါ။