The network connection is lost.
လီဗာပူးနည်းပြသစ် အာနီစလော့ကတော့ တိုက်စစ်ပိုင်းနေရာအတွက် ဒါဝင်နူနက်ဇ်နေရာမှာ ဗီလာတိုက်စစ်မှူး ဝက်ကင်းစ်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။
ဗီလာစတားဟာ ဆောက်ဂိတ်ရဲ့ယူရိုလူစာရင်းမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံအသင်းနဲ့ ပူးပေါင်းနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်ကင်းစ်ဟာ အသင်းအတွက် ၁၉ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
စလော့ကတော့ တိုက်စစ်မှူးနေရာ အပြောင်းအလဲလုပ်ချင်နေပြီး ကလော့ပ်ရဲ့ အသင်းကို သွေးသစ်လောင်းချင်နေပါတယ်။ ဒါဝင်နူနက်ဇ်အနေနဲ့ အင်္ဂလန်မြေမှာ ရုန်းကန်နေရပြီး ဒီရာသီ ၃၆ ပွဲမှာ ၁၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဥရုဂွေးသားကို ဘာစီလိုနာအသင်းက ချိတ်ဆက်နေပြီး ဝက်ကင်းစ်ရောက်လာခဲ့မယ်ဆိုရင် အဆိုပါအပြောင်းအရွှေ့က ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းအနေနဲ့ ဗီလာစတားကိုသာ အရင်ခေါ်ယူဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဝက်ကင်းစ်နဲ့ ဗီလာတို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိ ကျန်ရှိနေတာဖြစ်ပြီး အမ်မရီက အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။ ညှိနှိုင်းမှုတွေက လာမယ့်ယူရိုမပြီးခင်အထိ ဖြစ်လာဖွယ်မရှိပဲ ဝက်တ်ကင်းကလည်း နိုင်ငံအသင်းအတွက်သာ အာရုံစိုက်ထားတာဖြစ်ပါတယ်။
အသက် ၂၉ နှစ်သားဟာ ဗီလာကနေ ထွက်ခွာနိုင်ချေနဲ့ပတ်သက်ပြီး ယခင်တုန်းကအင်တာဗျူးမှာ “ဒီနေရာက ကျွန်တော့်အတွက် အကောင်းဆုံးလို့ ထင်ပါတယ်။ ဒီနေရာမှာပဲ ကျွန်တော်အောင်မြင်မှုတွေရယူထားနိုင်တာပါ”လို့ ပြောကြားခဲ့ပါတယ်။