အီဒူးနေရာအတွက် ဂန္ထဝင်ဟောင်းနဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ လစ်လပ်နေတဲ့အားကစားဒါရိုက်တာနေရာအတွက် အာဆင်နယ်စတားဟောင်း ရိုဆစ်စကီးနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အီဒူးထွက်ခွာသွားပြီးနောက် အဆိုပါနေရာက လစ်လပ်နေတာဖြစ်ပြီး ရာသီအကုန်လောက်မှသာ ရိုဆစ်စကီးကိုခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။
အခြားအားကစားဒါရိုက်တာတွေကို ချိတ်ဆက်ခဲ့ပေမယ့်လည်း အာဆင်နယ်တာဝန်ရှိသူတွေက အသင်းအကြောင်းပိုသိတဲ့ ရိုဆစ်စကီးကိုသာ ခေါ်ယူချင်နေပါတယ်။ ဒါ့အပြင် ရိုဆစ်စကီးက အာဆင်နယ်နည်းပြ အာတီတာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေသလို ကစားသမားတွေအဖြစ်လည်း အတူတူတွဲကစားခဲ့ဖူးတာဖြစ်ပါတယ်။
အာဆင်နယ်အကယ်ဒမီနည်းပြ မာတီဆက်ကာနဲ့ ဆက်ဆံရေးကောင်းတွေရှိထားတာကြောင့် အီဒူးနေရာကို အစားဝင်လာဖို့များနေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ လစ်လပ်နေတဲ့အီဒူးနေရာကို ယာယီအဖြစ် ဂျက်ဆင်ကို တာဝန်ပေးထားပါတယ်။ ဂျက်ဆင်ဟာ အခုလာမယ့်ဆောင်းဈေးကွက်မှာ အာဆင်နယ်အသင်းအတွက် တာဝန်ယူပေးရမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ရိုဆစ်စကီးကိုခေါ်ယူဖို့ အရှိန်မြှင့်နေပေမယ့် ရာသီအကုန်မှသာခေါ်ယူနိုင်ချေများနေပါတယ်။
လက်ရှိမှာ ရိုဆစ်စကီးဟာ စပါတာအသင်းမှာ တာဝန်ယူနေတာဖြစ်ပြီး ခေါ်ယူနိုင်ချေနည်းပါးနေပါတယ်။ ရိုဆစ်စကီးအပြင် အာဆင်နယ်ဟာ ပီအက်စ်ဂျီအားကစားဒါရိုက်တာဟောင်း ကမ်ပို့စ် နဲ့ ဘရန့်ဖို့ဒ် အားကစားဒါရိုက်တာ ဂီလက်စ်တို့ကိုလည်း လျာထားစာရင်းထဲမှာ ထည့်ထားပါတယ်။ အာဆင်နယ်တာဝန်ရှိသူတွေအပြင် အာတီတာပါပေါင်းစပ်ပြီး အားကစားဒါရိုက်တာနေရာကို ရွေးချယ်ဖွယ်ရှိနေကာ ရိုဆစ်စကီးက ဖြစ်နိုင်ချေအများဆုံးရှိနေပါတယ်။
လက်ရှိမှာတော့ ရိုဆစ်စကီးဟာ စပါတာအသင်းနဲ့အတူ နောက်ထပ်လိဂ်ဖလားချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေပြီး စိန်ခေါ်မှုအသစ်တွေကို ရာသီအကုန်မှသာ ရင်ဆိုင်ဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။