The network connection is lost.

Banner Image

အားကစားဒါရိုက်တာအီဒူးကို ရာထူးမှထုတ်ပယ်လိုက်တဲ့ နော်တင်ဟမ်ဖောရက်စ်

အာဆင်နယ်အားကစားဒါရိုက်တာဟောင်းအီဒူးက နော်တင်ဟမ်ဖောရက်စ်အသင်းမှာတာဝန်ယူပြီး ရှစ်လအကြာမှာတင် ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။

အသက် ၄၇ နှစ်အရွယ်အီဒူးက ပြီးခဲ့တဲ့နွေရာသီမှာ မြောက်လန်ဒန်ကလပ်မှ ထွက်ခွာလာခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်ရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

နည်းပြနူနိုဆန်းတို့စ်နဲ့ ဘရာဇီးနိုင်ငံသားအီဒူးတို့အကြား အဆင်မပြေခဲ့လို့ သူတို့ရဲ့ခေတ်သစ်သမိုင်းမှာ အအောင်မြင်ဆုံးနည်းပြကိုပင် ရာထူးမှထုတ်ပယ်ပြီး အီဒူးကိုသာ ရွေးချယ်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ရဲ့ဆုံးဖြတ်ချက်က လူသိများထင်ရှားခဲ့ပါတယ်။

ဒါပေမဲ့လည်း ကန့်လန့်ကာနောက်ကွယ်မှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေခဲ့ပြီး အီဒူးကို စီးတီးဂရောင်းကွင်းနဲ့ အသင်းရဲ့လေ့ကျင့်ရေးကွင်းတွေဆီ မလာဖို့အတွက် တရားဝင်ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အခုအခါမှာတော့ အီဒူးက သူ့ရဲ့အလုပ်ကို စတင်တာဝန်ယူပြီး ရှစ်လအကြာမှာတင် ရပ်စဲခံလိုက်ရပြီလို့ သတင်းဌာနအသီးသီးမှာ ဖော်ပြနေကြပါတယ်။