
ဆာကာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြသလာတဲ့ အာဆင်နယ်
အာဆင်နယ်တောင်ပံကစားသမား ဆာကာတစ်ယောက် အပေါ့စားလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။အင်္ဂလန်သားဟာ ပဲလေ့စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ဒီဇင်ဘာအကုန်တုန်းက ခွဲစိတ်မှုခံယူခဲ့ရတာဖြစ်ပါတယ်။ ဆာကာဟာ မတ်လမတိုင်ခင် ပြန်လာနိုင်ချေမရှိပေမယ့် အခုချိန်မှာတော့ အသင်းနဲ့အတူ အပေါ့စားလေ့ကျင့်ခန်းဆင်းလာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဖော်တွေနဲ့အတူ ဆာကာတစ်ယောက် ဒူဘိုင်းမြေကို လိုက်ပါခဲ့ပြီး ဒဏ်ရာအခြေအနေသက်သာလာတာနဲ့အမျှ လေ့ကျင့်ခန်းစတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့တုန်းက အသင်းဘက်က ထုတ်ပြန်တဲ့ဗီဒီယိုမှာ ဆာကာတစ်ယောက် လေ့ကျင့်ခန်းဆင်းနေတဲ့ပုံရိပ်ပါဝင်လာခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေက ဝမ်းသာနေပါတယ်။
မာတီနယ်လီ တံကောက်ကြောဒဏ်ရာရရှိခဲ့ချိန်မှာ ဆာကာပြန်လာနိုင်တော့မယ့်အနေအထားက အာတီတာအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ ဘရာဇီးသားဟာ တံကောက်ကြောဒဏ်ရာကြောင့် ၁ လလောက်နားရဖွယ်ရှိနေပြီး အခြားတစ်ဖက်မှာတော့ ဘင်ဝှိုက်တစ်ယောက်လည်း အခုအပတ်လက်စတာနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။