The network connection is lost.

Banner Image

မစ်ဒယ်ဘရော့နဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်း အပြောင်းအလဲရှိမယ်လို့ အရိပ်အမြွက်ပြောဆိုလာတဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြဆာဂီ

ခရစ္စတယ်ပဲလေ့စ်နည်းပြပီယာဆာဂီက မစ်ဒယ်ဘရော့နဲ့ယှဉ်ပြိုင်ရမယ့် အင်္ဂါနေ့၊ ကာရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းရွေးချယ်မှုအစီအစဉ်တွေနဲ့ပတ်သက်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီး သူက ခရစ္စတယ်ပဲလေ့စ်အသင်းမှာ နေရာစုံ လူအင်အားတောင့်တင်းမှု ရှိနေလို့ ကစားသမားတွေကို အလှည့်ကျအသုံးပြုသွားရနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြက ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲတွေ အမှန်တကယ်ပြုလုပ်သွားမလားဆိုတာတော့ အတည်မပြုခဲ့ပါဘူး။
 
"အခုအချိန်မှာ အရေးကြီးဆုံးက ကစားသမားတွေရဲ့ကြံ့ခိုင်မှုပိုင်းပါပဲ။ ဒါကြောင့် ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ပွဲချိန်အများကြီးမရရှိလိုက်သူ သို့မဟုတ် လုံး၀မကစားလိုက်ရတဲ့ ကစားသမားသစ်အချို့ကို ကျွန်တော်တို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်"လို့ ဆာဂီက ကလပ်အသင်းဝက်ဘ်ဆိုဒ်မှာ ပြောကြားခဲ့ပါတယ်။
 
"လောလောဆယ် ကျွန်တော်လည်း မသိသေးပါဘူး။ ပွဲမစခင် မျှော်လင့်ထားတာတွေ အများကြီးရှိပေမဲ့ တခါတလေ ကွဲပြားခြားနားသွားတတ်ပါတယ်"
 
"ကျွန်တော်တို့ရဲ့ကစားကွက်ပုံစံ၊ ပြိုင်ဘက်အသင်းရဲ့အခြေအနေနဲ့ ဒီပွဲရဲ့ဖြစ်တည်မှု နောက်ခံအကြောင်းအရာတွေကို ကြည့်ပြီးတော့ ပွဲစဉ်အတွက် ပြင်ဆင်သွားရပါမယ်"
 
"ဒီအချက်တွေကို ချိတ်ဆက်စဉ်းစားပြီး ကလပ်အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ပဲ ကြိုးစားသွားပါမယ်" လို့ ဆိုပါတယ်။