The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဘရာဇီးလက်ရွေးစင်ကစားသမားဘ၀ အနားယူမယ့်ကိစ္စကို ထပ်မံပြောဆိုလိုက်တဲ့ နေမာ

နေမာက ဘရာဇီးအသင်းအတွက် ထပ်မံကစားပေးလိုစိတ် မရှိတော့ဘူးလို့ ပြောကြားရင်း နိုင်ငံတကာဘောလုံးလောကမှ အနားယူဖို့ အတည်ပြုဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒါက နော်ဝေကို အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီး လက်ရွေးစင်ကစားသမားဘ၀ ပြီးဆုံးသွားပြီလို့ အရိပ်အမြွက်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ထွက်ပေါ်လာတဲ့ နေမာရဲ့ပြောကြားချက်လည်း ဖြစ်ပါတယ်။

ဘရာဇီးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးက အင်္ဂါညပိုင်း၊ ကိုပါဆူဒါမီရီကာနာပွဲစဉ်မှာ ဗင်နီဇွဲလားကလပ် Universidad Central ကို ၄-၂ ဂိုးဖြင့် ဆန်းတို့စ်အသင်း အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အခုလိုပြောခဲ့ပါတယ်။

"လက်ရွေးစင်အသင်းမှာ ကျွန်တော့်ရဲ့အချိန်တွေ ကုန်ဆုံးသွားပြီလို့ ထင်ပါတယ်။ အဲဒီမှာ သမိုင်းတွေရေးထိုးနိုင်ခဲ့လို့လည်း တကယ်ဝမ်းသာပါတယ်။ အတွေ့အကြုံတွေအများကြီး ရခဲ့သလို၊ အသင်းအတွက်လည်း အသက်နဲ့လဲပြီး ကြိုးစားခဲ့ပါတယ်။ ဘရာဇီးဂျာစီအတွက် အမြဲတမ်း အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် ထပ်ပြီး မလုပ်ချင်တော့ပါဘူး" လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဒီပြောကြားချက်တွေက ဇူလိုင် ၅ ရက်၊ ကမ္ဘာ့ဖလားပွဲစဉ်မှာ နော်ဝေကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် သူပြောခဲ့တဲ့စကားတွေကို ပိုပြီးခိုင်မာသွားစေပါတယ်။ အဲ့ဒီပွဲစဉ်မှာ လူစားဝင်လာပြီး ပယ်နယ်တီမှတဆင့် ဂိုးသွင်းယူခဲ့တဲ့ နေမာက ဘရာဇီးရုပ်သံလိုင်း ge နဲ့ အင်တာဗျူးမှာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်ပြီလို့ ပြောခဲ့ပါတယ်။

"ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အခုတော့ အားလုံး ပြီးဆုံးသွားပါပြီ" လို့ သူက ဆိုပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အစောဆုံးထွက်ခွာရတဲ့မှတ်တမ်းသစ် ဖြစ်လာသလို ခြောက်ကြိမ်မြောက်ချန်ပီယံဆုကို ထပ်မံစောင့်ဆိုင်းသွားရဖို့ သေချာသွားခဲ့လို့ ဖြေမဆည်နိုင်အောင်ဖြစ်နေခဲ့တဲ့ နေမာကို မြင်တွေ့ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ဖူးတဲ့ ဒီတိုက်စစ်မှူးက ဆန်းတို့စ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့မှာ တောက်ပတဲ့ကလပ်အသင်းကစားသမားဘ၀ကို ဖြတ်သန်းခဲ့ဖူးပေမဲ့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၃ ခုနှစ်၊ ကွန်ဖက်ဒရေးရှင်းဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူက ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲ ၁၃၀ ကစား၊ ဂိုး ၈၀ သွင်းယူခဲ့သလို ဂိုးဖန်တီးမှု ၅၈ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။