The network connection is lost.

Banner Image

အာဆင်နယ်အသင်းမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူမယ်လို့ တင်ဘာ မျှော်မှန်ထား

အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်ဘာက အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမယ်လို့ ယုံကြည်ထားပါတယ်။ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကစားသမားအများအပြား ဒဏ်ရာရရှိခဲ့တာကြောင့် ကစားသမားသစ်ခေါ်ယူဖို့က အရေးကြီးတယ်လို့ တင်ဘာက ယူဆပါတယ်။ အဲဒီဒဏ်ရာတွေကြောင့် ဂန်းနားတွေဟာ ပရီးမီးယားလိဂ်လိဂ်ဖလား လမ်းကြောင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဂါဘရီရယ်မာဂယ်ဟေးစ်၊ မာတင်အိုဒီဂတ်၊ ဘူကာယိုဆာကာနဲ့ ဟာဗက်ဇ်တို့လို အဓိကကစားသမားတွေဟာ ဒဏ်ရာရရှိခဲ့တာကြောင့် အချိန်အတော်ကြာ လွဲချော်ခဲ့ရပါတယ်။ တင်ဘာကိုယ်တိုင်ကလည်း ဒဏ်ရာတွေနဲ့ ကစားခဲ့ရပြီး ခြေချင်းဝတ်ကို ခွဲစိတ်ကုသခဲ့ရပါတယ်။ ဒီပြဿနာတွေကြောင့် တင်ဘာက အာဆင်နယ်အသင်းဟာ ကစားသမားအသစ်တွေအများအပြားခေါ်ယူသွားမယ်လို့ မျှော်လင့်ထားပါတယ်။ 

ဒတ်ချ်တီဗီအစီအစဉ်တစ်ခုမှာ တင်ဘာက"အာဆင်နယ်အတွက်တော့ တကယ်ကို အလုပ်များမယ့်အချိန်ပါပဲ။ ကျွန်တော်ထင်ပါတယ် ကစားသမားအများကြီးခေါ်ယူလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေအရမ်းများခဲ့တာပါ။ အချိန်တစ်ချိန်မှာ ကစားသမားတောင် မကျန်တော့သလောက်ဖြစ်သွားခဲ့တယ်။ ဒါကြောင့် အရန်ကစားသမားတွေအတွက် ကစားသမားတွေ ခေါ်ယူချင်ကြမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်မှူးအသစ်တစ်ဦးခေါ်ယူဖို့ အထူးသဖြင့် စိတ်ဝင်စားနေပါတယ်။ ဘင်ဂျမင်ဆက်စ်ကိုက သူတို့အတွက် အဓိကပစ်မှတ်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။