The network connection is lost.

Banner Image

ကီပါကို ပေါင် ၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်က ချဲလ်ဆီးဂိုးသမား ကီပါအာရီဇာဘာလာဂါကို ခေါ်ယူဖို့ နီးစပ်လာပြီ လို့ ESPN သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကီပါက ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်မှာ အငှားသွားကစားခဲ့ပြီး အရင်ရာသီကတော့ ရီးရဲလ်မက်ဒရစ်မှာ အငှားနဲ့ ကစားခဲ့တာပါ။ 

အခုတော့ အာဆင်နယ်နည်းပြ အာတီတာက ဒေးဗစ်ရာယာအတွက် ယုံကြည်စိတ်ချရတဲ့ အရန်ဂိုးသမား ရှာနေချိန် ကီပါကို ပစ်မှတ်ထားလာခဲ့တာပါ လို့ သိရပါတယ်။ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ကီပါအတွက် အာဆင်နယ်က ပေါင် ၅ သန်း ပေးရမှာပါ။ သဘောတူညီမှု မရသေးပေမဲ့ ဆွေးနွေးမှုတွေကတော့ ကောင်းမွန်စွာ ရှေ့ဆက်နေတယ် လို့ သတင်းရင်းမြစ်တွေက ထပ်ပြောပါတယ်။

အာဆင်နယ်က အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါစီယာကို ခေါ်ချင်ခဲ့ပေမဲ့ အသက် ၂၄ နှစ်ရှိတဲ့ သူကတော့ လာလီဂါမှာ ဘာစီလိုနာနဲ့ပဲ ဆက်နေဖို့များနေပြီ လို့ ထင်ရပါတယ်။ ၂၀၂၄-၂၅ ရာသီမှာ ဘုန်းမောက်အသင်းက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည် အဆင့် ၆ နေရာ ရခဲ့သလို ကီပါကလည်း ဘုန်းမောက်မှာ အငှားသွားကစားခဲ့တဲ့ တစ်နှစ်တာအတွင်း ၃၅ ပွဲမှာ ၉ ပွဲ ဂိုးမပေးခဲ့ရပါဘူး။

ကီပါက အာဆင်နယ်မှာ တစ်နှစ် အငှားနဲ့ လာကစားခဲ့တဲ့ နက်တိုရဲ့နေရာကို အစားထိုးမှာပါ။ နက်တိုကတော့ ဘုန်းမောက်ကို ပြန်သွားပါပြီ။ ကီပါက ၂၀၁၈ ခုနှစ်မှာ ဘီလ်ဘာအိုကနေ ချဲလ်ဆီးကို ယူရို သန်း ၈၀ နဲ့ ပြောင်းခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ကီပါဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား ဖြစ်လာခဲ့ပြီး ၇နှစ်စာချုပ်နဲ့ ပြောင်းခဲ့တာပါ လို့ သိရပါတယ်။