The network connection is lost.

Banner Image

ပေါင်သန်း ၆၀ တန် ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားတစ်ဦးအတွက် ဆုံးဖြတ်ချက်ချလိုက်တဲ့ အာဆင်နယ်

ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီက စံချိန်တင်ခေါ်ယူမှုဖြစ်တဲ့ ဒီကလန်ရိုက်စ်လို ခေါ်ယူမှုကို နောက်ထပ် ခေါ်ယူနိုင်နေတာဖြစ်ပါတယ်။ ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက ပြီးခဲ့တဲ့လတွင် ၁ နှစ်သက်တမ်းတိုးရန် လက်မှတ် ရေးထိုးခဲ့သော်လည်း အယ်လ်နီနီထွက်ခွာသွားပြီးနောက် ပါတေးကလည်း ထွက်ခွာဖွယ်ရှိနေတာကြောင့် အာတီတာက ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရူနိုဂူမာရေးစ်ကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း နယူးကာဆယ်တွင် ဆက်လက်ရှိနေလိုတဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားကို မန်စီးတီးနှင့်အပြိုင် ခေါ်ယူရဖွယ်ရှိနေပါတယ်။ အိုနာနာကို ပြီးခဲ့တဲ့ဇန်နဝါရီတွင် အာဆင်နယ်က ချိတ်ဆက်ခဲ့သော်လည်း Mirror ရဲ့ဖော်ပြချက်အရ အာတီတာရဲ့စနစ်မှာ သင့်လျော်မှုမရှိဘူးလို့ မြင်တာကြောင့် ပေါင်သန်း ၆၀ တန် ဘယ်လ်ဂျီယံလက်ရွေးစင်အတွက် ကမ်းလှမ်းမှုပြုလုပ်မှာ မဟုတ်ကြောင်း သိရပါတယ်။

အဲဗာတန်ရဲ့ မရေရာတဲ့ဘဏ္ဍာရေးအနေအထားအရ အသင်းဟာ နွေရာသီတွင် ကစားသမားတွေထဲကတစ်ဦးကို ရောင်းချရန် ဖိအားပေးခံရဖွယ်ရှိပြီး အိုနာနာဟာ ယူရို ၂၀၂၄ တွင် အပြောင်းအရွေ့အတွက် တံခါးဖွင့်ထားကြောင့် ဝန်ခံထားပြီး ဖြစ်ပါတယ်။ "အရင်ပြိုင်ပွဲတွေမှာ ထိပ်တန်းကလပ်တွေဆီ ကောင်းကောင်းတက်လှမ်းနိုင်တဲ့ ကစားသမားတွေကို မြင်ဖူးကြမှာပါ။ အဲ့ဒါက ကျွန်တော် ကြိုးစားနေတဲ့ အရာပါပဲ" "ကျွန်တော်က ဥရောပထိပ်သီးအသင်းတွေထံ မိတ်ဆက်ပြီး ကမ်းလှမ်းစရာတွေကို ပြသနေသလို ခံစားရပါတယ်။ ဒီဥရောပချန်ပီယံရှစ်က တက်လှမ်းနိုင်တဲ့အဆင့်တစ်ခုပါ" လို့ အိုနာနာက Het Laatste Nieuws သို့  90 min မှတဆင့် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်ခွင့်မရရှိတဲ့ ကစားသမားများ ရောင်းချမှုမှ ရရှိလာတဲ့ ရန်ပုံငွေများဖြင့် များပြားလှတဲ့အပြောင်းအရွှေ့မှာ အသုံးပြုဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။ ရမ်စ်ဒေးလ်ဟာ နံပါတ် ၁ နေရာကို ဒေးဗစ်ရာယာထံ ဆုံးရှုံးလိုက်ရပြီးနောက် အင်္ဂလန်လက်ရွေးစင်ကစားသမားကို နယူးကာဆယ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရှက်ဖီးယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ယူရို ၂၀၂၄ မတိုင်မီ အင်္ဂလန်တွင် ပွဲထွက်ခွင့်နေရာကို ဆက်လက်ထိန်းသိမ်းထားသော်လည်း လာမယ့်ရာသီတွင် ပထမအသင်းနှင့်အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် စိတ်ပျက်နေမှာဖြစ်ပါတယ်။
အကယ်ဒမီထွက်တွေဖြစ်တဲ့ နယ်လ်ဆင်၊ အန်ကီတီယာနှင့် စမစ်ရိုဝီတို့ကလည်း အသင်းကနေထွက်ခွာနိုင်ပြီး သူတို့အား ရောင်းချမှုကနေ ဂန်းနားတွေအတွက် သန့်ရှင်းတဲ့အမြတ်ငွေများ ရရှိနိုင်မှာဖြစ်ပါတယ်။