ဘက်တစ်အသင်းထံ ရာသီကုန်အထိ အငှားထွက်ခွာခဲ့ပြီဖြစ်တဲ့ အန်တိုနီ
သတင်းတွေအရ ယူနိုက်တက်အသင်းတောင်ပံကစားသမား အန်တိုနီတစ်ယောက် ရာသီကုန်အထိ ဘက်တစ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ်သားဟာ ၂၀၂၂ သြဂုတ်လတုန်းက အေဂျက်အသင်းထံကနေ ပေါင် ၈၁ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဘက်တစ်ကိုမပြောင်းခင် ဘရာဇီးသားဟာ ယူနိုက်တက်အတွက် ၉၆ ပွဲမှာ ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၂၀၂၃ ဧပြီလနောက်ပိုင်းကတည်းက ၁ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဘက်က အန်တိုနီရဲ့လုပ်ခလစာ ၈၄% ကိုပေးချေရမှာဖြစ်တယ်လို့ သိရပြီး စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပါတယ်။
“ယူနိုက်တက်ကမှာရှိတဲ့သူတိုင်း အန်တိုနီတစ်ယောက် ဆီဗီလာမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်”လို့ အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အန်တိုနီဟာ တန်ဟက်လက်အောက်မှာ တောက်ပခဲ့သလို လိဂ်အဖွင့်ပွဲ ၃ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ အထိုင်ကျဖို့ရုန်းကန်လာခဲ့ရပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၃ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။