The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နော်ဝေအသင်းအတွက် သမိုင်းဝင်အောင်ပွဲ ရရှိပြီးနောက် ပျော်ရွှင်ကျေနပ်နေတဲ့ ဟာလန်း

ဟာလန်းက ဘရာဇီးနဲ့ရင်ဆိုင်ရမယ့် ၁၆ သင်းအဆင့်ရှုံးထွက်အဆင့်ပွဲစဉ်ဆီ သူ့ရဲ့နိုင်ငံကို ပို့ဆောင်ပေးဖို့ အင်္ဂါနေ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးသွင်းယူပြီးနောက် မယုံကြည်နိုင်စရာ သမိုင်းဝင်အောင်မြင်မှုလို့ ကြွေးကြော်လိုက်ပါတယ်။

မန်စီးတီးတိုက်စစ်မှူးက ဒဲလက်စ်ကောင်းဘွိုင်စ်တွေရဲ့အိမ်ကွင်းမှာ ပွဲချိန်တလျှောက်လုံး ရုန်းကန်ခဲ့ရပေမဲ့ ပွဲချိန် ၈၆ မိနစ်မှာတော့ အိုင်ဗရီကို့စ်အပေါ် ၂-၁ ဂိုးဖြင့် အနိုင်ရရှိစေမယ့် အဖိုးတန်အနိုင်ဂိုးကို အနီးကပ်ပိတ်သွင်းယူခဲ့ပါတယ်။

ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက်အဆင့်မှာ နော်ဝေအသင်းအတွက် ပထမဆုံးအကြိမ်နိုင်ပွဲရရှိမှုဖြစ်ပြီး ဟာလန်းကတော့ "ကျိန်ဆိုပြီး ပြောလို့မကောင်းပေမဲ့ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒါက သမိုင်းတစ်ခု ဖြစ်သွားပါပြီ" လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အုပ်စုအဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ချိန် ပွဲကစားခွင့်မရရှိခဲ့တဲ့ ဟာလန်းအတွက် အခုသွင်းဂိုးက မြောက်အမေရိကမြေမှာကစားခဲ့တဲ့ သုံးပွဲအတွင်း ငါးဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။

အခုနောက်ကျအနိုင်ဂိုးကြောင့် နော်ဝေအသင်းအတွက် ဟာလန်းက နောက်ဆုံး ၁၃ ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပြီး ဒီကာလအတွင်း သူက စုစုပေါင်း ၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

၁၆ သင်းရှုံးထွက်အဆင့်မှာ ဘရာဇီးလ်နဲ့ရင်ဆိုင်ရချိန် နော်ဝေအတွက် ရေပန်းစားမှုလျော့ကျနိုင်ပေမဲ့ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ကတော့ တိုက်စစ်ပိုင်းမှာ ဟာလန်းရှိနေသရွေ့ အမြဲတမ်း အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။

အိုဒီဂတ်က "ဟာလန်းလိုကစားသမားမျိုး အသင်းမှာရှိနေတာ အံ့ဩဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ကံကောင်းတာပါ။ ကျွန်တော်တို့လုပ်ရမှာက သူ့ဆီကို အခွင့်အရေးတွေ များများရောက်အောင် ဖန်တီးပေးဖို့ပါပဲ" လို့ အိုဒီဂတ်က ပြောပါတယ်။

နော်ဝေနည်းပြဆိုလ်ဘာကန်ကလည်း အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးကို "ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းရှင်" လို့ ချီးကျူးခဲ့ပါတယ်။ 

"ဒါကို ဘယ်သူမှ သံသယဖြစ်မှာမဟုတ်ပါဘူး။ ဒီနေ့ပွဲစဉ်မှာ ဟာလန်းလည်း သိပ်ပြီး မပါဝင်နိုင်ခဲ့ဘူး။ ပထမပိုင်းမှာတော့ အခွင့်အရေးကြီးတစ်ခု ရခဲ့ပါသေးတယ်။ အခုတော့ သူကပဲ အနိုင်ဂိုးကို သွင်းပေးလိုက်ပြန်ပါပြီ" လို့ ဆိုပါတယ်။

"သူ့လိုကစားသမားမျိုးရှိနေတာက အသင်းကို တည်ငြိမ်မှုရစေပါတယ်။ ဘောလုံးထိန်းထားနိုင်တဲ့နေရာမှာ သူ့ကို သိပ်ပြီး အသိအမှတ်မပြုကြဘူးလို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ပွဲစဉ်မှာ သူ့ရဲ့ဘောလုံးဆုံးရှုံးမှု တစ်ကြိမ်မှမရှိဘူးဆိုတာကို တွေ့မြင်ရပါလိမ့်မယ်"

"နော်ဝေလို နိုင်ငံငယ်လေးအတွက် ကမ္ဘာ့ဖလားပွဲစဉ်သုံးခုမှာ ငါးဂိုးသွင်းယူပေးနိုင်သူကို ဘယ်သူနဲ့မှ မလဲနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးဂိုးသွင်းရှင် ဖြစ်နေလို့ပါပဲ" လို့ နည်းပြဖြစ်သူက ဆိုပါတယ်။