The network connection is lost.

Banner Image

နည်းစနစ်ပိုင်းအတွက် ဗင်နီနဲ့ဆွေးနွေးမှုပြုလုပ်မယ့် အလွန်ဆို

ရီးရဲလ်နည်းပြသစ် အလွန်ဆိုတစ်ယောက် လေဗာကူဆင်မှာသုံးခဲ့တဲ့နည်းစနစ်အတိုင်း ၅ ယောက်တန်းခံစစ်ကို အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။လေဗာကူဆင်အသင်းကို ၃ ယောက်တန်းခံစစ်နဲ့ ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါချန်ပီယံဆုကိုရယူပေးနိုင်ခဲ့ပြီးနောက် ရီးရဲလ်မှာလည်း နည်းစနစ်အသစ်ကို အသုံးပြု ဖို့ ပြင်ဆင်နေပါတယ်။

မာကာသတင်းဌာနရဲ့အဆိုအရ အလွန်ဆိုဟာ ၄-၃-၃ နည်းစနစ်ကိုအခြေခံပြီး အဆင်ပြေသလိုလုပ်ဆောင်မယ်လို့ သိရပါတယ်။ အဆိုပါနည်းစနစ်အရ အသင်းသားတွေအနေနဲ့ ခံစစ်ပိုင်းကိုလည်း အားဖြည့်ရနိုင်တာဖြစ်ပါတယ်။ အလွန်ဆိုရဲ့နည်းစနစ်ပိုင်းဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး မီလီတာအို ၊ အလာဘာ နဲ့ ရူဒီဂါတို့ကို ဒဏ်ရာပြဿနာကနေ သက်သာအောင်လုပ်ဆောင်ပေးနိုင်ဖွယ်ရှိနေပါတယ်။

ရီးရဲလ်စတားဟောင်းရဲ့နည်းစနစ်ကြောင့် တောင်ပံကစားသမားတွေအနေနဲ့ ခံစစ်ကိုဆင်းကူရမှာဖြစ်ပြီး ဗင်နီအနေနဲ့လည်း ခံစစ်ပိုဆင်းကူရနိုင်ချေရှိနေပါတယ်။ အဆိုပါအခြေအနေကြောင့် အလွန်ဆိုအနေနဲ့ ဘရာဇီးသားနဲ့စကားပြောဆိုရဖို့ရှိနေပါတယ်။ အလွန်ဆိုရဲ့နည်းစနစ်အကြံပေး လာဘေယန်ကတော့ ရီးရဲလ်အသင်းကစားသမားတွေရဲ့အလေ့အကျင့် နဲ့ ခံစစ်ပိုင်းပြဿနာကို အဖြေရှာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုလိုကြိုတင်ပြင်ဆင်ထားမှုက လာမယ့်ရာသီသစ်အတွက် အကူအညီဖြစ်စေနိုင်ပါတယ်။ အသက် ၄၃ နှစ်သားဟာ ရီးရဲလ်အသင်းရဲ့ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ စတင်အစမ်းသပ်ခံရမှာဖြစ်ပြီး နည်းစနစ်အသစ်ကို အသုံးပြုဖွယ်ရှိနေပါတယ်။ဒဏ်ရာအခြေအနေကို စိုးရိမ်ရဖွယ်ရှိနေတယ်ဆိုရင် ရီးရဲလ်အသင်းဟာ ခံစစ်ပိုင်းကို ထပ်မံအားဖြည့်မှာဖြစ်ပြီး နည်းစနစ်ပိုင်းအတွက် ဗင်နီလိုကစားသမားတွေနဲ့ အစောပိုင်းစကားပြောဆိုရဖွယ်ရှိနေပါတယ်။