ဘာစီလိုနာစတား မကြာခင်ပြန်လာတော့မယ်လို့ အတည်ပြုလိုက်တဲ့ ဖလစ်
ဘာစီလိုနာအသင်းနည်းပြ ဖလစ်က တောင်ပံကစားသမား ယာမဲလ်တစ်ယောက် မကြာခင်ပြန်လာတော့မှာဖြစ်ပြီး လာမယ့် အက်သလက်တစ်နဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ဆောင်းရာသီနားရက်ပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုဟာ လာမယ့်စနေနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းမှာဖြစ်ပါတယ်။
ဒီဇင်ဘာတုန်းက လီဂါနက်စ်နဲ့ပွဲမှာ ယာမဲလ်တစ်ယောက် ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ယူအေအီးကို အနားယူဖို့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ ကြံ့ခိုင်မှုအနည်းငယ်သာရနေသေးတာကြောင့် လာမယ့်အက်သလက်တစ်နဲ့ပွဲမှာ အနည်းငယ်လောက်သာ ပါဝင်ဖွယ်ရှိနေပါတယ်။
သတင်းထောက်တွေကို ဂျာမန်သားကပြောကြားရာမှာ “တနင်္လာနေ့မှာ ကျွန်တော်တို့ ခရီးထွက်ခွာမှာပါ။ တနင်္လာနေ့မှာလေ့ကျင့်ပြီး အဲ့နောက် အင်္ဂါနေ့ကို ဆော်ဒီမြေမှာရှိနေမှာပါ။ ယာမဲလည်း ပါဝင်လာနိုင်ချေရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ စပိန်စူပါဖလားကို ဆော်ဒီမြေမှာကန်ပြီးနောက် ဘာစီလိုနာဟာ လာမယ့်စနေနေ့မှာ ဂီတာဖေးအသင်းနဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။