The network connection is lost.

Banner Image

အဲဗာတန်နှင့်ပွဲမတိုင်မီ အီဒါဆင်ရဲ့ ဒဏ်ရာအခြေအနေ

ဘရာဇီးနိုင်ငံသားဟာ စနေနေ့က ဗီလာပါ့ခ်မှာ အက်စ်တွန်ဗီလာအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး သူ့နေရာမှာ အော်တီဂါက ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က အိမ်ကွင်းတွင် ယူနိုက်တက်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဘယ်နောက်တန်းအဖြစ် ကစားခဲ့တဲ့ နူနက်စ်ကလည်း ပါဝင်နိုင်ခြင်းမရှိပါဘူး။

"ဒီနေ့လည်တုန်းက ကျွန်တော်တို့လေ့ကျင့်နေပါတယ်။ ကစားသမား ဘယ်နှစ်ဦးလောက်ကို ရွေးချယ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ ကြည့်ရမှာပါ။ အခုတော့ ကျွန်တော်လည်း သေချာမသိသေးပါဘူး" လို့ အင်္ဂါနေ့က အီဒါဆင်နှင့် နူနက်စ်တို့နှင့် ပတ်သက်ပြီး မေးမြန်းရာမှာ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။

ဗီလာနှင့်ပွဲမှာ ဒဏ်ရာကြောင့် ထွက်သွားရတဲ့ ဂျွန်စတုန်းရဲ့ ဒဏ်ရာအကြောင်း မေးရာတွင် နည်းပြ ဂွါဒီယိုလာက "ရှေ့မှာ ပြောခဲ့တာနဲ့အတူတူပါပဲ။ ဆရာဝန်နဲ့ ကျွန်တော် မပြောရသေးပါဘူး။ နာကျင်နေတဲ့အတွက် ဒုတိယပိုင်းကို သူက ဆက်မကစားနိုင်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့က စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ကြာသပတေးနေ့ အဲဗာတန်နှင့်ပွဲမတိုင်မီ ခရစ္စမတ်ညမှာ မန်စီးတီးကစားသမားတွေက လေ့ကျင့်ခန်းဆင်းသွားမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဖြေကြားထားပါတယ်။ "ဒီနေ့မှာကလည်း ကျွန်တော်တို့လေ့ကျင့်မှာပါ ခရစ္စမတ်ညမှာလည်း အဲ့ဒီလိုလုပ်မှာပါ။ ကျွန်တော်တို့က ဒီမှာရှိနေမှာဖြစ်ပြီး ဘောက်ဆင်ဒေးကို ကစားသွားမှာပါ"

"ခရစ္စမတ်အကြိုနေမှာတော့ သူတို့တွေက မိသားစုဝင်တွေနဲ့အတူရှိနေမှာဖြစ်တာကြောင့် ဒီနေ့မှာတော့ အားလုံးက မိသားစုနှင့်အတူ အိမ်မှာရှိနေကြမှာပါ" "မနက်ဖြန်မနက်အထိ မိသားစုဝင်တွေနဲ့အတူရှိနေပြီး ညမှာတော့ ဒီကိုလာရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့အလုပ်နဲ့ တာဝန်ဖြစ်တာကြောင့် သူတို့လည်း လာချင်ကြမယ်လို့ မျှော်လင့်ပါတယ်" လို့ ဂွါဒီယိုလာက ပြောပါတယ်။

အဲဗာတန်ကလည်း ပွဲပယ်ခြင်းခံထားရတဲ့ အက်ရှ်လေယန်းမပါဝင်ဘဲ ကစားရမှာဖြစ်ပြီး မက်နေးလ်ကလည်း ပွဲထွက်ဖွယ်မရှိနေတာဖြစ်ပါတယ်။ "ယန်းက ပါဝင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးနဲ့ပွဲမှာ လည်ပင်းနာကျင်ခဲ့သော်လည်း သူက ကောင်းနေမှာပါ" "မက်နေးလ်ကတော့ လုပ်ဆောင်နေတုန်းပါ။ အသားကျဖို့အတွက် ကျွန်တော်တို့ မျှော်လင့်မိပြီး ဒီတစ်ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး" လို့ တနင်္လာနေ့မှာ အဲဗာတန်နည်းပြ ရှောင်ဒိုက်က ပြောခဲ့ပါတယ်။