The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့တွေ့ဆုံမယ့်အပေါ် သတိပေးပြောကြားလာတဲ့ ဂျော်ဒီအယ်လ်ဘာ

ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမယ့်အပေါ် မက်ဆီရဲ့ပြောကြားချက်ကို ဂျော်ဒီအယ်လ်ဘာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်တာမိုင်ယာမီဟာ တနင်္လာနေ့တုန်းက ပါးလ်မီးရက်စ်အသင်းကို ၂-၂ သရေကန်နိုင်ခဲ့ပြီးနောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါအခြေအနေကြောင့် အင်တာမိုင်ယာမီဟာ ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီနဲ့တွေ့ဆုံဖွယ်ရှိနေပါတယ်။ မက်ဆီဟာ ပြင်သစ်မြေမှာ ၂ နှစ်ကြာဖြတ်သန်းခဲ့ပြီး ပီအက်စ်ဂျီမှာ မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အခုချိန်မှာအင်တာမိုင်ယာမီနဲ့အတူ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းဖော် ဂျော်ဒီအယ်လ်ဘာက အခုပွဲကိုအနိုင်ကန်ဖို့ဆုံးဖြတ်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

“အဆုံးသတ်မှာ လီယိုကပွဲတွေကိုအနိုင်ကန်ချင်ပါတယ်။ ထိပ်တန်းကစားသမားတိုင်းက အခုလိုမျိုးပါပဲ။ ကျွန်တော် ဘာစီလိုနာမှာကတည်းက သူ့ရဲ့စိတ်ခံစားချက်ကို သိပါတယ်။ ပီအက်စ်ဂျီမှာတော့ မသိပေမယ့် သူဘာဖြစ်ခဲ့လဲဆိုတာ သူပဲသိပါတယ်။  အခုပွဲက ခက်ခဲနိုင်ပေမယ့် မက်ဆီက အနိုင်ကန်ဖို့ဆုံးဖြတ်ထားပါတယ်။ အခုလိုပွဲတွေက ခက်ခဲနိုင်တယ်ဆိုတာ သိပါတယ်”လို့ ဂျော်ဒီအယ်လ်ဘာက ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ လာမယ့်ဇွန်လ ၂၉ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။