အန်ဖီးလ်မှာ နိုင်ပွဲရယူပြီး အမှတ်ပေးဇယားကို သုံးမှတ်ဖြတ်ဦးဆောင်လိုက်တဲ့ အာဆင်နယ်
လီဗာပူး ဝ-၁ အာဆင်နယ် (ပွဲပြီးရလဒ်)
အခုသီတင်းပတ်ပရီးမီးယားလိဂ်လိဂ်ပွဲစဉ်တွေမှာ ပြိုင်ဘက်မန်စီးတီးရဲ့ခြေချော်မှုကို အာဆင်နယ်တို့ အခွင့်အရေးရယူနိုင်ခဲ့ပြီး အန်ဖီးလ်ကွင်းနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ ကိုင်ဟားဗက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန်တွေမှာ အိမ်ရှင်လီဗာပူးရဲ့တိုက်စစ်ဆင်မှုတွေကို မြင်တွေ့ခဲ့ရပေမဲ့ မာကျောကျစ်လစ်လှတဲ့ ဧည့်သည်ဂန်းနားတွေရဲ့ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ဘဲ အရှုံးပေးလိုက်ရပါတယ်။