The network connection is lost.

Banner Image

စည်းကမ်းချိုးဖောက်မှုတွေ ဖြစ်ပွားပြီးနောက် ဂရီးလစ်ရှ်အတွက် မျှော်လင့်ချက်ပေးလာတဲ့ အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်

ဂျက်ဂရီးလစ်ရှ်အတွက် အဲဗာတန်မှာ အနာဂတ် ဆက်ရှိနေဆဲပဲလို့ နည်းပြဒေးဗစ်မိုယက်စ် အခိုင်အမာပြောဆိုခဲ့ပေမဲ့ ကစားသမားပြန်လာနိုင်မယ့်အချိန်ကို ရေရေရာရာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်ရေးပျက်ကွက်မှုမှာ ပါဝင်တယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် မန်ချက်စတာစီးတီးမှ အငှားလာရောက်ကစားနေတဲ့ ဒီကစားသမားက နယူးကာဆယ်ကိုအနိုင်ရရှိခဲ့တဲ့ အဲဗာတန်ရဲ့ပွဲစဉ်နဲ့ လွဲချော်ခဲ့ပါတယ်။

တနင်္လာနေ့နိုင်ပွဲအပြီး ဒီကွင်းလယ်လူရဲ့အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဒေးဗစ်မိုယက်စ်က ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ဂရီးလစ်ရှ်ကို လူစာရင်းမှ ချန်လှပ်ထားခဲ့တယ်လို့ ရှောင်တိမ်းဖြေကြားခဲ့ပါတယ်။

မိုယက်စ်က "လောလောဆယ်တော့ သူ ပွဲကစားနိုင်တဲ့အနေအထား မရှိသေးပါဘူး။ သူ ပြန်ကစားနိုင်တော့မယ်လို့ ကျွန်တော်တို့ယူဆတဲ့ အချိန်ရောက်ရင် ကလပ်အသင်းနဲ့အတူ ဆုံးဖြတ်ချက် ချမှတ်သွားပါမယ်" လို့ BBC Sport ဆီ ပြောပါတယ်။

"ကျွန်တော် အသိပေးနိုင်တာကတော့ လက်ရှိအချိန်မှာ သူ မကစားနိုင်သေးဘူးဆိုတာပါပဲ"

စည်းကမ်းပိုင်းဆိုင်ရာပြဿနာ ပြီးဆုံးသွားပြီလားလို့ အတင်းအကျပ်မေးမြန်းရာမှာတော့ ဝါရင့်နည်းပြက "မပြောပါရစေနဲ့၊ ဒီကိစ္စအပေါ် ကျွန်တော် မှတ်ချက်မပေးနိုင်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။