The network connection is lost.

Banner Image

ယူနိုက်တက်မှာ မပျော်ရွှင်တော့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူပေးဖို့ အေစီမီလန်ဆီ အာမိုရင် တိုက်တွန်းနေ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ပြန်လည်လက်တွဲနိုင်ဖို့အတွက် အေစီမီလန်အသင်းဆီ အာမိုရင်မ် တွန်းအားပေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၃၂ နှစ်အရွယ်ဖာနန်ဒက်စ်က အခုဘောလုံးရာသီ၊ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေတွေကို သိသိသာသာစိတ်ပျက်နေပြီး ကိုမိုကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မိုက်ကယ်ကာရစ်ရဲ့နည်းဗျူဟာပိုင်းအပေါ် လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ပါတယ်။

အခုလိုပေါက်ကွဲပြောဆိုမှုကြောင့် ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ကို အရန်ခုံဆီ ပို့ထားခဲ့ပေမဲ့ ၀-၃ ဂိုးဆိုတဲ့ ရလဒ်ပိုင်းနဲ့အတူ မိုက်ကယ်ကာရစ်ရဲ့အသင်း လိုလားတဲ့ပုံစံအတိုင်း မဖြစ်လာခဲ့ပါဘူး။

အခုတော့ အီတလီသတင်းဌာန Calciomercato ရဲ့ဖော်ပြချက်အရ နည်းပြဟောင်းအာမိုရင်က ဖာနန်ဒက်စ်အတွက် အိုးထရက်ဖို့ဒ်မှထွက်ခွာနိုင်မယ့် လမ်းစတစ်ခုကို ကမ်းလှမ်းပေးဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ကိုယ်တိုင်လည်း လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာနိုင်ဖို့အတွက် တက်တက်ကြွကြွ ကြိုးပမ်းနေတယ်လို့လည်း ဒီသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ဖာနန်ဒက်စ်က တစ်ရာသီလျှင် အခွန်အခနုတ်ပြီး လုပ်ခလစာ ယူရို ၁၀ ဒဿမ ၂ သန်းအထိ ရရှိနေလို့ စီးရီးအေကလပ်အသင်းအတွက်တော့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ကြီးကြီးမားမားရှိနေပါလိမ့်မယ်။