The network connection is lost.

Banner Image

ကာရစ်နဲ့အတူ ယူနိုက်တက်အသင်း ဆက်လက်ရပ်တည်ပေးမှုကြောင့် အံ့အားသင့်မိပေမဲ့ ဝမ်းသာရပါတယ်လို့ ဂယ်ရီနဗီးလ် ဆို

လတ်တလောအချိန်အထိ မိုက်ကယ်ကာရစ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်း ဆက်လက်ရပ်တည်ပေးနေလို့ အံ့အားသင့်မိပေမဲ့ ဝမ်းသာရပါတယ်လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ အမှတ်ပေးဇယားတတိယနေရာမှာ ရာသီသိမ်းပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးပြီးနောက် လပိုင်းအကြာမှာပဲ အသက် ၄၅ နှစ်အရွယ်ကာရစ်အတွက် ကြီးမားတဲ့ဖိအားတွေ ပေါ်ပေါက်လာပါတယ်။

ကိုမိုကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘုန်းမောက်ကို ၀-၃ ဂိုးဖြင့် ဆက်လက်ရှုံးနိမ့်မှုကြောင့် ယခင်နည်းပြတွေလိုပဲ ကာရစ်လည်း ထုတ်ပယ်ခံရမယ့် ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ပရိသတ်အများစု ယူဆလာခဲ့ပါတယ်။

ဒါပေမဲ့ BBC Sport ရဲ့ဖော်ပြချက်အရ လာမယ့်စနေနေ့(အောက်တိုဘာ ၃၁ ရက်)၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်အတွက် ကာရစ်ကို ဆက်တာဝန်ပေးသွားဖို့ ကလပ်အသင်းအကြီးအကဲတွေကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Sky Sports ဆွေးနွေးခန်းမှာ ယူနိုက်တက်ဂန္ထဝင် နဗီးလ်က "ကြည့်ပါ၊ ကျွန်တော် ဝမ်းသာမိပါတယ်။ အံ့အားသင့်မိပေမဲ့ ဝမ်းသာရပါတယ်။ ဘာကြောင့်လဲဆိုတော့ တနင်္ဂနွေနေ့မှာ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အရာတွေက ကာရစ်အတွက် နိဂုံးအဆုံးသတ် ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် လုံး၀ယူဆခဲ့လို့ပါပဲ"

"ပွဲစဉ်အပြီးမှာ ကစားသမားတွေ သူ့နောက်မှလိုက်လာချိန် သူ တစ်ဦးတည်း ကွင်းကို လှည့်ပတ်လမ်းလျှောက်နေတဲ့ပုံစံက အဲဒီလိုဖြစ်သွားတော့မယ့်ပုံစံမျိုး ပေါက်နေခဲ့ပါတယ်"

"ဒါက နှုတ်ဆက်မှုအဖြစ် ကွင်းပတ်လမ်းလျှောက်ပြတဲ့ပုံစံမျိုး ဖြစ်နေခဲ့ပြီး ပရိသတ်တွေကို တောင်းပန်တဲ့ပုံစံမျိုးရော၊ နှုတ်ဆက်တဲ့ပုံစံမျိုးနဲ့ပါ သူ လက်ပြနှုတ်ဆက်ခဲ့ပါတယ်"

"ဒါကြောင့် နောက်ဆုံးမှာတော့ နည်းပြရာထူးမှာ ကာရစ် ဆက်ရှိနေသေးလို့ ကျွန်တော် တကယ်အံ့အားသင့်မိပါတယ်။ ဒါပေမဲ့ ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တကယ်လက်တွေ့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့အခြေအနေက အလွန်ခက်ခဲခဲ့လို့ပါပဲ" လို့ ပြောပါတယ်။