ယူရိုပါလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးရှေ့ဆက်နေတဲ့ ဘုန်းမောက်
ဘုန်းမောက် ၃-၀ အေစီမီလန် (ပွဲပြီးရလဒ်)
အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲကို အသင်းသမိုင်းတလျှောက် ပထမဆုံးဥရောပအဆင့်ပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဘုန်းမောက်က အခုအိမ်ကွင်းပွဲစဉ်မှာလည်း အစဉ်အလာကြီးမားတဲ့ အေစီမီလန်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်တတိယမြောက်နိုင်ပွဲကို ရယူခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဘုန်းမောက်အတွက် ပယ်နယ်တီအခွင့်အရေးနှစ်ကြိမ် ရရှိခဲ့သလို ဒုတိယအကြိမ်ပင်နယ်တီမှာဆိုရင် အေစီမီလန်ဂိုးသမားမိုင်ဂနန် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦး အသာစီးရရှိခဲ့ပါတယ်။ ဒီပင်နယ်တီအခွင့်အရေးတွေကိုတော့ ကလွိုက်ဗက်နဲ့ တာဗာနီယာတို့က သွင်းဂိုးတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ဘုန်းမောက်ကပဲ ပြိုင်ဘက်အပေါ် အသာစီးရယူကစားခဲ့ပြီး လူစားဝင်ကစားသမားအက်ဒ်လီရဲ့ ပွဲချိန်နှောင်းပိုင်းဖရီးကစ်သွင်းဂိုးနဲ့အတူ ဂိုးပြတ်ရလဒ်တစ်ခုကို ပုံဖော်ခဲ့ပါတယ်။