The network connection is lost.

Banner Image

လီဗာပူးမှထွက်ခွာလာတဲ့ ရစ်ချတ်ဟုဂျ်ကို အားကစားဒါရိုက်တာအဖြစ် တာဝန်ပေးခန့်အပ်လိုက်တဲ့ အယ်လ်ဟီလယ်

ယမန်နေ့(တနင်္ဂနွေနေ့)မှာပဲ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်အသင်းက လီဗာပူးမှထွက်ခွာလာတဲ့ ရစ်ချတ်ဟုဂျ်ကို အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ်ရစ်ချတ်ဟုဂျ်က ၂၀၂၄ ခုနှစ်မှာ ဘုန်းမောက်မှ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူက ယာဂန်ကလော့ပ်နေရာဆက်ခံသူအဖြစ် အန်းစလော့ကို ရွေးချယ်ပေးခဲ့ပြီး ဒီဆုံးဖြတ်ချက်ကြောင့်ပဲ လီဗာပူးအသင်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အခုနှစ်၊ ဇွန်လအတွင်း အန်းစလော့ကို ရာထူးမှထုတ်ပယ်ကာ အီရာအိုလာနဲ့ အစားထိုးခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ထိပ်သီးကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ "ဟုဂျ်ကို ခန့်အပ်မှုက အယ်လ်ဟီလယ်အသင်းရဲ့ဘောလုံးစနစ်ကို အားကောင်းစေဖို့အပြင် အထူးပြုကျွမ်းကျင်မှုတွေနဲ့အတူ အားကစားဆိုင်ရာတည်ဆောက်ပုံ ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းမှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်"လို့ ဖော်ပြထားပါတယ်။

အခုလိုခန့်အပ်မှုကြောင့် အင်္ဂလန်ဘောလုံးလောကရဲ့ကျွမ်းကျင်မှုတွေကို ရယူဖို့ အယ်လ်ဟီလယ်အသင်းရဲ့ကြိုးစားလာမှုကို ပေါ်လွင်ထင်ရှားစေပြီး ရောဘတ်ဟုဂျ်ကိုယ်တိုင်လည်း ရီယာ့ဒ်အခြေစိုက်ကလပ်အသင်းဆီ ပူးပေါင်းလာတဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနက် နောက်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

ရောဘတ်ဟုဂျ်အပြင် အခုနွေရာသီကာလအတွင်း မာတင်နယ်လီ၊ ဆမ်မာဗီလီနဲ့ အိုလီဝက်ကင်စ်တို့က အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့မှထွက်ခွာကာ ဆော်ဒီမြေဆီ အသီးသီးရောက်ရှိလာခဲ့ကြပါတယ်။