ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားပြီးနောက် အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဘိုဝင်
အင်္ဂလန်ချန်ပီယံရှစ်ဆီ ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားပြီးနောက် အသင်းကြယ်ပွင့်ဘိုဝင်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟမ်းမားတွေက ရာသီပိတ်ပွဲစဉ်မှာ လိဒ်ကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပေမဲ့ တော့တင်ဟမ်ရဲ့နိုင်ပွဲကြောင့် အင်္ဂလန်ထိပ်တန်းလိဂ်မှာ ၁၄ နှစ်ကြာရပ်တည်နိုင်ခဲ့မှုကို အဆုံးသတ်လိုက်ရပါတယ်။
၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေသေးတဲ့ ဘိုဝင်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း သူ့ရဲ့အဓိကရည်မှန်းချက်အဖြစ် ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်ဆီ ချက်ချင်းပြန်တက်လှမ်းနိုင်အောင် ကူညီပေးသွားချင်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
"နားထောင်ပါ၊ အခုချိန်အထိ စိတ်ထဲမှာ ခံစားချက်တွေ လတ်ဆတ်နေတုန်းပါပဲ။ အခုလိုအချိန်မှာ အနာဂတ်အကြောင်း ပြောနေတယ်ဆိုတာ ကလပ်အသင်း၊ ပရိသတ်တွေနဲ့ အရာအားလုံးအပေါ် မလေးစားရာ ရောက်ပါတယ်"