ရာသီတစ်ခုလုံး အနီကတ်မထိခဲ့သလို၊ ပင်နယ်တီလည်း တစ်ကြိမ်မှခွင့်မပြုခဲ့ရတဲ့ အာဆင်နယ်
တစ်ရာသီလုံးမှာ အနီကတ်တစ်ကတ်မှ မထိခဲ့သလို ပင်နယ်တီလည်း တစ်ကြိမ်မှ အပေးမခံခဲ့ရဘဲ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် သမိုင်းမှတ်တမ်းသစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။
ဂန်းနားတို့ဟာ သူတို့ရဲ့ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဆဲလ်ဟာ့စ်ပတ်ခ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၅-၂၆ ဘောလုံးရာသီကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တာပါ။
အခုလို ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အပြင် တစ်ရာသီလုံးမှာ အနီကတ်နဲ့ ပင်နယ်တီ တစ်ကြိမ်မှ မရှိဘဲ ရာသီအဆုံးသတ်နိုင်တဲ့ ပထမဆုံးသော ကလပ်အသင်းအဖြစ်လည်း ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒီစံချိန်ဟာ မီကယ်အာတီတာရဲ့ အသင်းသားတွေအတွက်တော့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး သူတို့ရဲ့ ကစားကွက်ပိုင်း စနစ်ကျမှုနဲ့ ခံစစ်ပိုင်း ခိုင်မာမှုတွေဟာ ဒီအောင်မြင်မှုအတွက် အဓိက သော့ချက်တွေပဲ ဖြစ်ပါတယ်။
အင်္ဂလန်ပြည်တွင်း ပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားပြီဖြစ်လို့ အာဆင်နယ်အသင်းဟာ လာမယ့်အပတ်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ (PSG) အသင်းနဲ့ ကစားရမယ့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရုံစိုက်သွားတော့မှာ ဖြစ်ပါတယ်။