The network connection is lost.

Banner Image

ခေါင်းဒဏ်ရာကြောင့် ဆေးရုံတင်လိုက်ရတဲ့ ဂျက်ဆီဒယ်ရီရဲ့ အခြေအနေကို ချဲလ်ဆီးအသင်း ထုတ်ပြန်

တနင်္လာနေ့က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီမီယာလိဂ်ပွဲစဉ်အတွင်း ဆေးရုံသို့ ပို့ဆောင်လိုက်ရတဲ့ လူငယ်ကစားသမား ဂျက်ဆီဒယ်ရီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သူ ဒယ်ရီဟာ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့ပွဲမှာပဲ စိုးရိမ်စရာကောင်းတဲ့ ထိခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ပွဲကို အချိန်အတော်ကြာ ရပ်နားခဲ့ရပါတယ်။

ပထမပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ထိခိုက်မှုကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ ပရိသတ်တွေ စိတ်အေးစေဖို့အတွက် အသင်းက အခုလို အတည်ပြုပေးခဲ့တာပါ။

"ဒီနေ့ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီမီယာလိဂ်ပွဲစဉ် ပထမပိုင်းမှာ လူစားလဲခဲ့ရတဲ့ ဂျက်ဆီဒယ်ရီကို ကြိုတင်ကာကွယ်မှုအနေနဲ့ ဆေးရုံကို ပို့ဆောင်ထားတယ်ဆိုတာ ချဲလ်ဆီးအသင်းက အတည်ပြုပါတယ်။ ဂျက်ဆီဟာ ရနေသလို စကားလည်း ပြောနိုင်ပါတယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ သူ့ကို အမြန်ဆုံး နေကောင်းလာပါစေလို့ ဆုတောင်းပေးသလို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လျင်မြန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်" လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။