The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးရှေ့ဆက်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၂-၁ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)

အခုအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ဘရန့်ဖို့ဒ်ကို အကောင်းမွန်ဆုံးကျော်ဖြတ်ပြီး အမှတ်ပေးဇယားတတိယနေရာမှာရပ်တည်ကာ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လက်တစ်ကမ်းအကွာအထိ ရောက်ရှိလာပါတယ်။ သရဲနီတွေအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန်အတွင်း ကတ်စ်မဲရိုးနဲ့ ဆက်စ်ကိုတို့က သွင်းယူပေးခဲ့ပြီး ဒုတိယပွဲချိန်နှောင်းပိုင်းမှာတော့ ဂျန်ဆန်က ဧည့်သည်တွေအတွက် တစ်လုံးတည်းသောချေပဂိုးကို သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လာမယ့်သီတင်းပတ်၊ အင်္ဂလန်ဒါဘီမတိုင်ခင် မိုက်ကယ်ကာရစ်ရဲ့အသင်းအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့သလို တဖက်မှာလည်း ဘရန့်ဖို့ဒ်က ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် အမှတ်ပေးဇယားဆဋ္ဌမနေရာနဲ့ နှစ်မှတ်အကွာမှာ ဆက်ရှိနေခဲ့ပါတယ်။