The network connection is lost.

Banner Image

ဘာနေဗျူးကွင်းနိုင်ပွဲနဲ့အတူ ဆီမီးဖိုင်နယ်အတွက် အခြေအနေကောင်းသွားတဲ့ ဘိုင်ယန်မြူးနစ်

ရီးရဲလ်မက်ဒရစ် ၁-၂ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)

ဥရောပထိပ်တန်းကလပ်အသင်းကြီးနှစ်ခုထိပ်တိုက်တွေ့ဆုံမှုပီပီ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲကြီးပွဲကောင်းကို မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ဒီနေ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ရဲ့ကစားပုံ အတော်လေးကောင်းမွန်ခဲ့ပြီး အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။ ဧည့်သည်တွေအတွက် အဆုံးအဖြတ်သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးနဲ့ ဒုတိယပိုင်းပွဲချိန်အစပိုင်းမှာ လူးဝစ်ဒီယက်ဇ်နဲ့ ဟယ်ရီကိန်းတို့က သွင်းယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ အမ်ဘာပေက အိမ်ရှင်တွေအတွက် တစ်လုံးတည်းသောချေပဂိုးကို ရယူပေးခဲ့ပါတယ်။