The network connection is lost.

Banner Image

ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုရှိနေလို့ ရီးရဲလ်မက်ဒရစ်မှာရှိတဲ့ သူ့ရဲ့အနာဂတ်အပေါ် ကာမာဗင်ဂါ ဝေခွဲမရဖြစ်နေ

ဒီနွေရာသီမှာ ကာမာဗင်ဂါအတွက် ရောက်လာမယ့် ကမ်းလှမ်းမှုတွေကို စဉ်းစားပေးဖို့ ရီးရဲလ်မက်ဒရစ်အသင်း အဆင်သင့်ရှိနေပါတယ်။

Marca သတင်းစာရဲ့ဖော်ပြချက်အရ ဒီပြင်သစ်လက်ရွေးစင်ကစားသမားကို အသင်းရဲ့မရှိမဖြစ်(untouchable) ကစားသမားစာရင်းထဲမှာ မထည့်သွင်းထားဘဲ သင့်တော်တဲ့ ဈေးနှုန်းတစ်ခုရမယ်ဆိုရင် သူ့ကို လက်လွှတ်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ကာမာဗင်ဂါက ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေချင်တဲ့စိတ်နဲ့ ရာသီကုန်မှာ ရောက်လာနိုင်တဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားချင်တဲ့စိတ်ကြောင့် ဝေခွဲမရ ဖြစ်နေတယ်လို့ သိရှိရပြီး ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ကလည်း ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ကာမာဗင်ဂါကို ရောင်းထုတ်ဖို့ ဥရောပတစ်ခွင် တကူးတက လိုက်လံကမ်းလှမ်းနေတာမျိုး မရှိပေမဲ့ တကယ်လို့ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာမယ်ဆိုရင်တော့ ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။

လက်ရှိမှာတော့ အင်္ဂလန်အခြေစိုက် နယူးကာဆယ်နဲ့ လီဗာပူးအသင်းတို့က ဒီအခြေအနေတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။