The network connection is lost.

Banner Image

ဒေါသထွက်နေတဲ့ ပရိသတ်တွေဆီ ဆိုဘိုဆလိုင်းရဲ့တုံ့ပြန်မှုကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ဂလင်းဂျွန်ဆင်

မန်စီးတီးကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဒေါသထွက်နေတဲ့ပရိသတ်တွေဆီ ဆိုဘိုဆလိုင်းရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်လို့ လီဗာပူးနောက်ခံလူဟောင်းဂလင်းဂျွန်ဆင်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

စနေနေ့မွန်းလွဲပိုင်းမှာ မန်စီးတီးကိုရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာလာရပြီးနောက် ဆိုဘိုဆလိုင်းက သူ့ရဲ့စိတ်ပျက်နေမှုကို လီဗာပူးပရိသတ်တွေဆီ ဖော်ပြခဲ့ပါတယ်။

ပွဲအပြီးမှာ ဟန်ဂေရီကွင်းလယ်ကစားသမားက အခုရာသီ၊ ၁၅ ကြိမ်မြောက်ရှုံးပွဲကို ကြည့်ရှုခဲ့ရတဲ့ အဝေးကွင်းပရိသတ်တွေဆီ ပုခုံးတွန့်ပြပြီး ခြေဟန်လက်ဟန် တစုံတရာပြုမူပြသခဲ့ပါတယ်။ သူ့ရဲ့အပြုအမူနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေ အလွန်အမင်းဒေါသထွက်ခဲ့ကြပါတယ်။

CasinoWizard နဲ့အင်တာဗျူးအစီအစဉ်အတွင်း ဂလင်းဂျွန်ဆင်က ဆိုဘိုဆလိုင်းဘက်မှ ခုခံပြောဆိုခဲ့ပြီး ဒီအပြုအမူကို နိုင်လိုစိတ်ပြင်းထန်လို့ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့လုပ်ရပ်လို့ ဆိုပါတယ်။

"ပရိသတ်တွေလည်း စိတ်ပျက်ဒေါသထွက်ပိုင်ခွင့်ရှိသလို ကစားသမားတွေမှာလည်း အဲဒီလို ခံစားချက်မျိုး ရှိပါတယ်။"

"ဒါက ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ပြီး သူတို့တွေ အပြတ်အသတ်ရှုံးနိမ့်ခဲ့တာပါ။ စိတ်လှုပ်ရှားမှုတွေ ပြင်းထန်နေချိန် ကစားသမားတွေ တုံ့ပြန်လာတယ်ဆိုတာ သူတို့က အသင်းအပေါ် အလေးထားလို့ပဲ ဖြစ်ပါတယ်။ ဒီလိုရလဒ်မျိုး ထွက်လာရင် ဘယ်သူမှ မပျော်နိုင်ပါဘူး။"

"ကစားသမားတွေလည်း စိတ်ထဲမှာ ဒေါသထွက်နေကြပါလိမ့်မယ်။ အနိုင်လိုချင်စိတ်ရှိတဲ့ ကစားသမားတိုင်းက အကောင်းဆုံးဖြစ်ချင်ကြတာပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့တော့ လိုပါတယ်။ တစ်ခါတလေမှာ ဒီလိုအပြုအမူတွေ လွန်ကဲသွားပြီး မကောင်းတဲ့ဘက်ဆီ ရောက်သွားတတ်တာမျိုးတွေ ရှိတာပေါ့။"

"ဒါက လူတစ်ဦးရဲ့ပင်ကိုယ်စရိုက် ဖြစ်နေရင်တောင် အဲဒီလိုစိတ်ဓာတ်မျိုးကို ဖယ်ထုတ်ပစ်ဖို့ မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်။"

"ဒါကို အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်းဖို့ပဲ လိုတာပါ။ ဘာလို့လဲဆိုတော့ ဒါကပဲ ကစားသမားတစ်ဦးနဲ့တစ်ဦးကို ကွာခြားသွားစေတာပါ။ သူတို့ ဘယ်လောက် အလေးထားလဲ၊ ဘယ်လောက်အထိ တိုက်ပွဲဝင်ချင်လဲ၊ ဘယ်လောက် စိတ်အားထက်သန်လဲဆိုတဲ့ အချက်တွေကပဲ သူတို့ရဲ့ ခြေစွမ်းကို ဖြစ်ပေါ်စေတာပါ။"

"ဘောလုံးလောကမှာတင်မကဘဲ ပြင်ပနေ့စဉ်ဘဝတွေမှာလည်း လူတိုင်း ဒါမျိုးကြုံဖူးကြပါတယ်။ ဘယ်သူမဆို မလိုအပ်ဘဲ စကားများတာမျိုးတွေ ဖြစ်ပြီးမှ 'ငါ အဲဒီလိုမပြောခဲ့သင့်ဘူး' ဒါမှမဟုတ် 'အဲဒီလိုမတုံ့ပြန်ခဲ့သင့်ဘူး' လို့ ပြန်တွေးမိတတ်ကြပါတယ်။ ဒါက လူသားတွေရဲ့စိတ်ခံစားချက်ကို တုံ့ပြန်တဲ့ သဘာဝပါပဲ" ဟု ၎င်းက ဆိုပါတယ်။

လီဗာပူးအသင်းအတွက် အခုဘောလုံးရာသီ၊ ဆုဖလားမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းသာ ကျန်ရှိပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ လက်ရှိချန်ပီယံပီအက်စ်ဂျီနဲ့ ပွဲကျပ်ကို ရင်ဆိုင်သွားရပါမယ်။