မိုဆာလက်ရဲ့ဆုံးဖြတ်ချက်ကြောင့် ပေါင် ၄၀ သန်းကျော် အံ့အားသင့်ဖွယ် သက်သာသွားတဲ့ လီဗာပူး
မိုဆာလက်က ဒီနွေရာသီမှာ လီဗာပူးအသင်းမှ ထွက်ခွာဖို့အတွက် မယုံနိုင်လောက်အောင် များပြားတဲ့ သစ္စာရှိဆုကြေး (loyalty bonus) ကို စွန့်လွှတ်လိုက်ပါတယ်။
စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမဲ့ မိုဆာလက်နဲ့ လီဗာပူးတို့က ဒီနွေရာသီမှာပဲ လမ်းခွဲကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လီဗာပူးအသင်းက မိုဆာလက်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့သလို အီဂျစ်ကြယ်ပွင့်ကိုယ်တိုင်လည်း ပေါင်သန်း ၂၀ အထိရှိတဲ့ သစ္စာရှိဆုကြေးကို အဆုံးရှုံးခံခဲ့ပါတယ်။ အကယ်၍ အီဂျစ်တိုက်စစ်မှူးသာ သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်နေမယ်ဆိုရင် အဲဒီငွေပမာဏကို ရရှိနိုင်မယ်လို့ The Sun သတင်းစာမှ ဖော်ပြပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် လီဗာပူးအသင်းက လစာငွေ နောက်ထပ်ပေါင်သန်း ၂၀ ကျော်ကိုလည်း သက်သာသွားစေပါတယ်။ တစ်ပတ်ကို လစာ ပေါင်လေးသိန်းရရှိနေတဲ့ မိုဆာလက်ရဲ့လက်ရှိစာချုပ်ကို အခုလိုနှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းလိုက်လို့ အသင်းအတွက်လည်း အများကြီးအကျိုးရှိသွားပါတယ်။။
တဖက်မှာလည်း မိုဆာလက်က ဒီနွေရာသီမှာ ဥရောပဘောလုံးလောကမှ ထွက်ခွာသွားလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။