The network connection is lost.

Banner Image

လီဗာပူးအကြီးအကဲအက်ဒ်ဝပ်နဲ့ ပုံမှန်အဆက်အသွယ်မပြတ်ရှိနေတဲ့ အလွန်ဆို

အလွန်ဆိုကတော့ လီဗာပူးဆီမှ အကြောင်းကြားလာမယ့်အချိန်ကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားဟောင်းက အန်ဖီးလ်မှာ အန်းစလော့ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ BILD သတင်းစာမှ ဖော်ပြပါတယ်။

လီဗာပူးက လာမယ့်နွေရာသီကာလမှာ အသင်းကို အကြီးအကျယ်ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပြီး မိုဆာလက်ထွက်ခွာမယ့်ကိစ္စကလည်း အသင်းအတွက် အသစ်တဖန်ပြန်လည်စတင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာပါလိမ့်မယ်။

လီဗာပူးအသင်းဘောလုံးဒါရိုက်တာမိုက်ကယ်အက်ဒ်ဝပ်ကိုယ်တိုင်လည်း ယာဂန်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဖို့ အလွန်ဆိုကို အလိုရှိခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက အလွန်ဆိုကိုယ်တိုင် လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့ပါတယ်။

တစ်နှစ်ကျော်အကြာမှာတော့ အလွန်ဆိုလည်း ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထွက်ခွာလာရပါတယ်။ ဒါပေမဲ့ အက်ဒ်ဝပ်နဲ့ အလွန်ဆိုအကြား အဆက်အသွယ်တော့ တစ်ခါမှ မပြတ်ခဲ့ပါဘူး။

အကယ်၍ သေချာရေရာတဲ့ ကမ်းလှမ်းမှုတစ်ခုသာ ရောက်လာမယ်ဆိုရင် အလွန်ဆိုက သူ့ရဲ့အသင်းဟောင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အဆင်သင့်ရှိနေပါတယ်။

ဒါပေမဲ့ အလွန်ဆိုအတွက် အဓိကအရေးပါနိုင်တဲ့အချက်က အသင်းလူစာရင်းပြင်ဆင်ဖွဲ့စည်းမှုမှာ သူ့ရဲ့ပါဝင်ဆုံးဖြတ်ခွင့်ဖြစ်ပြီး ဒါကို ရီးရဲလ်မက်ဒရစ်မှာ သူ မရရှိခဲ့ပါဘူး။ စပိန်သားကိုယ်တိုင်လည်း ထပ်တူညီတဲ့အမှားမျိုး နောက်တစ်ကြိမ်ကျူးလွန်မယ့်ပုံ မရှိပါဘူး။