The network connection is lost.

Banner Image

လူငယ်ကြယ်ပွင့် ဂါဘရီရယ်အပေါ် ဖိအားတွေပေးမှာမဟုတ်ကြောင်း ယူနိုက်တက်အကယ်ဒမီဒါရိုက်တာပြောကြား

မန်ချက်စတာယူနိုက်တက် အကယ်ဒမီဒါရိုက်တာ စတီဖင် တော်ပီ က ကလပ်ရဲ့ လူငယ်ကြယ်ပွင့်တွေအပေါ် ကျရောက်နေတဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျေဂျေ ဂါဘရီရယ်လ်ဟာ ပြီးခဲ့တဲ့နှစ်က အသင်းရဲ့ အကယ်ဒမီမှာ ပွဲဦးထွက် ကစားခွင့်ရခဲ့သူဖြစ်ပြီး၊ အသက် ၁၄ နှစ်အရွယ်နဲ့တင် အသင်းရဲ့ အသက် ၁၈ နှစ်အောက် (U-18) ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သလို လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မန်နေဂျာ မိုက်ကယ် ကားရစ်ရဲ့ လက်အောက်မှာ ဒီလူငယ်ကစားသမားလေးဟာ စီနီယာအသင်းကြီးရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခွင့်ရခဲ့ပြီး၊ ပြီးခဲ့တဲ့ အပတ်က အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

အသင်းကြီးနဲ့ အတူရှိနေပေမဲ့လည်း တော်ပီကတော့ ဂါဘရီရယ်လ်လို ပါရမီရှင်လူငယ်တွေဟာ အခုလို ငယ်ရွယ်တဲ့အရွယ်မှာ လွတ်လွတ်လပ်လပ်နဲ့ တိုးတက်လာခွင့်ရဖို့ လိုအပ်တဲ့အတွက် သူတို့အပေါ် ကျရောက်လာမယ့် ဖိအားတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

"မေးခွန်းကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အကယ်ဒမီက ဘယ်သူ့အပေါ်မှာမှ မလိုအပ်တဲ့ ဖိအားတွေ မကျရောက်စေဖို့ ကျွန်တော် ဂရုစိုက်ရပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့ဆီမှာ ထူးထူးခြားခြား ပါရမီပါတဲ့ လူငယ်လေးတွေ အများကြီးရှိနေပါတယ်" လို့ တော်ပီက ဆိုပါတယ်။

"ဒီလိုကစားသမားမျိုးတွေကို ကြည့်လိုက်ရင် ပရိသတ်တွေကို ထိုင်ခုံကနေ ထရပ်ပြီး အားပေးရလောက်တဲ့ အံ့အားသင့်စရာ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်စွမ်း ရှိကြပါတယ်။ ဂျေဂျေဟာလည်း အဲဒီထဲက တစ်ယောက်ဆိုတာ သေချာပါတယ်"

"ကျွန်တော်ကတော့ ဒီလို ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို စောင့်ကြည့်နေတာဖြစ်ပြီး ဂါဘရီရယ်လ်ကလည်း ဒါတွေကို ပြသနေပါတယ်။ ဒါပေမဲ့ သူဟာ ဘောလုံးပွဲတစ်ပွဲမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေကိုလည်း သေချာလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ဂရုစိုက်ရပါမယ်"

"အသင်းတစ်သင်းလုံးကတော့ အခုတွေ့နေရတဲ့ လူငယ်လေးတွေရဲ့ ပါရမီတွေအပေါ် စိတ်လှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့ ပါရမီရှင်တစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ထက် ဖျက်ဆီးပစ်ဖို့က ပိုလွယ်တာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက်ပြီး ကိုင်တွယ်ရမှာပါ"

ဂါဘရီရယ်လ်ဟာ အသက် ၁၈ နှစ်အောက်အသင်းအတွက် ၂၂ ပွဲကစားထားရာမှာ ဂိုး ၂၀ အထိ သွင်းယူပေးထားပြီး နောက်ထပ် နှစ်အနည်းငယ်အတွင်း အသင်းကြီးဆီ တက်လှမ်းနိုင်ဖို့ မျှော်လင့်ထားတဲ့ လူငယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ အချက်တစ်ခုကတော့ တော်ပီ တာဝန်ယူထားသရွေ့တော့ ဒီလူငယ်တွေကို အလျင်စလို လုပ်တာမျိုး ဒါမှမဟုတ် လူအများရဲ့ အာရုံစိုက်မှုအောက်ကို ချက်ချင်း တွန်းပို့တာမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။